Back to top

IELTS for UKVI ဆိုသည်မှာအဘယ်နည်း။

'IELTS for UKVI' ဆိုသည်မှာ  ယူကေဗီဇာနှင့် လူဝင်မှုဆိုင်ရာကိစ္စအတွက် ဖြေဆိုရန် ယူကေအစိုးရမှ အသိအမှတ်ပြုလက်ခံထားသော Secure English Language Test ခေါ် SELT စာမေးပွဲဖြစ်ပါသည်။ တစ်နည်းအားဖြင့် ယူကေနိုင်ငံကို သွားရောက် အခြေချနေထိုင်ရန် ဗီဇာ နှင့်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ လိုအပ်ချက်များ အတွက် လျှောက်ထား သည့်အခါ အင်္ဂလိပ်စာအရည်အချင်းကိုပြသရန်အတွက်ဖြေဆိုရသည့် IELTS စာမေးပွဲဖြစ်ပါသည်။ 

ဗီဇာ အမျိုးအစား အမြောက်အများ အတွက် ယူကေနိုင်ငံ၏ ပြည်ထဲရေးဌာနမှ ထုတ်ပြန်ထားသော Secure English Language Test ခေါ် SELT စာမေးပွဲကို သာဖြေဆိုကာ သင့် အင်္ဂလိပ်စာ အရည်အချင်း ကိုတင်ပြရပါသည်။

ယူကေဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသိအမှတ်ပြု လက်ခံထား IELTS စာမေးပွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Test Version Purpose
IELTS Academic** အဆိုပါစာမေးပွဲသည် နိုင်ငံရပ်ခြားတွင် ဘွဲ့မရသေးသူများအနေဖြင့် တက္ကသိုလ်တက်ရန် (သို့) ဘွဲ့လွန်တက်ရန် လေ့လာသင်ယူလိုသည့် ဆန္ဒရှိသူများအတွက်ဖြစ်ပြီး ယူကေတွင် ပညာရပ်ဆိုင်ရာ မှတ်ပုံတင် (professional registration) ရရှိရန်လိုလားသူများအတွက် ဖြစ်ပါသည်။
IELTS General Training အဆိုပါစာမေးပွဲသည် ယူကေနိုင်ငံသို့ ရွှေ့ပြောင်း အခြေချနေထိုင်ရန် သို့မဟုတ် ဒီဂရီအဆင့်ထက် နိမ့်သော ပညာဆည်းပူးရန်၊ သင်တန်းတက်ရောက်ရန်အတွက် ဖြေဆိုရသည့် စာမေးပွဲဖြစ်ပါသည်။
IELTS Life Skills A1 အဆိုပါစာမေးပွဲသည် မိသားစုဝင်၊ အိမ်ထောင်သည် မှီခိုသူ၊ အတူနေထိုင်သူများအတွက် ယူကေနိုင်ငံသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ရန် ယူကေဗီဇာနှင့် လူဝင်မှုဆိုင်ရာအတွက် လျှောက်ထားရာတွင် လိုအပ်သော အင်္ဂလိပ်စာအရည်အချင်း စစ်စာမေးပွဲဖြစ်ပါသည်။
IELTS Life Skills A2 * အဆိုပါစာမေးပွဲသည် ယူကေဗီဇာနှင့် ဆက်လက်နေထိုင်နိုင်ရန်အတွက် မိသားစုဝင် ၊ ဇနီး/ခင်ပွန်း (သို့) လက်တွဲဖော် ဗီဇာများအဖြစ် လူဝန်မှုကြီးကြပ်ရေးတွင် လျှောက်ထားခြင်း၏ တစ်စိတ်တစ် ဒေသအဖြစ် အင်္ဂလိပ်အပြောနှင့် အကြားစွမ်းရည်ကို သက်သေပြရသည့် စာမေးပွဲဖြစ်ပါသည်။
IELTS Life Skills B1 အဆိုပါစာမေးပွဲသည် ကာလမည်ရွေ့မည်မျှဟု သတ်မှတ်မထားသည့် နေထိုင်မှု ခွင့်ပြုချက် (သို့) နိုင်ငံသားဖြစ်ခွင့် အတွက် ယူကေဗီဇာနှင့် လူဝန်မှုကြီးကြပ်ရေးတွင် လျှောက်ထားခြင်း၏ တစ်စိတ်တစ် ဒေသအဖြစ် အင်္ဂလိပ်အပြောနှင့် အကြားစွမ်းရည်ကို သက်သေပြရသည့် စာမေးပွဲဖြစ်ပါသည်။ 

*မှတ်ချက် ။  IELTS Life Skills A2 စာမေးပွဲကို ယူကေနိုင်ငံတွင်သာ ဖြေဆိုနိုင်ပါသည်။

**IELTS for UKVI (Academic) ကို အချို့သောနေရာများတွင် ကွန်ပြူတာမှ ဖြေဆိုနိုင်ပါသည်။

IELTS (Academic or General Training)

Tier 1 နှင့် Tier 2 ယူကေဗီဇာများလျှောက်ထားလျှင် ဖြေရမည့် စာမေးပွဲများဖြစ်ပါသည်။

UKVI အတွက် IELTS Academic နှင့် IELTS General Training ကို ယူကေနိုင်ငံပြည်ထဲရေးရုံး၏ စီမံခန့်ခွဲရေး လိုအပ်ချက်များကို ပြည့်မီစေရန် ဒီဇိုင်းရေးဆွဲပြုစုထားပါသည်။

အဆိုပါစာမေးပွဲသည် IELTS (ရည်ရွယ်ချက်အားလုံးအတွက်) ဖြေဆိုရသည့် စာမေးပွဲနှင့် ထပ်တူဖြစ်ပြီး တူညီသော အကြောင်းအရာ၊ စာမေးပွဲစစ်မေးသူ၊ မေးခွန်းပုံစံ၊ ခက်ခဲမှုအတိုင်းအတာ၊ အမှတ်ပေးခြင်း စသည်တို့အားလုံး တူညီပါသည်။

ကွဲပြားသည့်အချက်မှာ အဆိုပါစာမေးပွဲရက်တွင် သွားရောက်ဖြေဆိုရသည့် နေရာဖြစ်ပါသည်။ စာမေးပွဲစစ်ဆေးမှုရလဒ်ပုံစံ (Test Report Form) သည် အနည်းငယ်ကွဲပြားပြီး အဆိုပါစာမေးပွဲကို IELTS UK ဗီဇာဌာနတွင် ဖြေဆိုသည်ဟု ဖော်ပြထားမည်ဖြစ်ပါသည်။ 

IELTS Life Skills

အကယ်၍ သင်သည် အခြေချနေထိုင်သူ၏ မိသားစုဝင်ဗီဇာ ၊  အခြေချနေထိုင်သူ၏ မိသားစုဝင် အဖြစ် ဆက်လက်နေထိုင်နိုင်ရန် ဗီဇာ (သို့)  ကာလမည်ရွေ့မည်မျှဟု သတ်မှတ်မထားသည့် နေထိုင်မှု ခွင့်ပြုချက် (သို့) နိုင်ငံသားဖြစ်ခွင့်အတွက် ဗီဇာ လျှောက်ထားခြင်းဖြစ်လျှင် IELTS Life Skills ကို ဖြေဆိုရပါမည်။ 

 

IELTS Life Skills သည် စာမေးပွဲအသစ်ဖြစ်ပြီး UKVI မှ Secure English Language Test (SELT) အဖြစ် အတည်ပြုထားသည့်စာမေးပွဲဖြစ်ပါသည်။

ဘုံဥရောပ ဘာသာစကားများရည်ညွှန်းဖော်ပြချက်မူဘောင် (Common European Framework of Reference for Languages) အရ အပြောစွမ်းရည်နှင့် အကြားစွမ်းရည်များကို  ပြသရန်လိုအပ်သည့်သူများသည် Level A1 ၊ A2 (သို့) B1 ကို ဖြေဆိုရပါမည်။

IELTS Life Skills A2 နှင့် စပ်လျဉ်းသည့် အရေးကြီးသတင်းအချက်အလက်များ

ယူကေတွင် ဆက်လက်နေထိုင်လိုသည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် ယင်းတို့၏ မိသားစုများသည် အင်္ဂလိပ်ဘာသာစကားလိုအပ်ချက်အသစ်ကို ပြည့်မီရမည်ဟု ယူကေအစိုးရက ဇန်န၀ါရီလ ၁၈ ရက် ၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့ပါသည်။ (https://www.gov.uk/government/news/new-a2-english-requirement-in-the-fam...) ၅-နှစ် ပါတနာ (သို့) အခြေချနေထိုင်ခွင့်ရ မိဘ လမ်းကြောင်းတွင် ဆက်လက်နေထိုင်ခွင့် အရည်အချင်း ပြည့်မီစေရန်အလို့ငှာ ယူကေတွင် နှစ်နှစ်ခွဲကြာနေထိုင်ခဲ့သည့် EEA မဟုတ်သော လက်တွဲဖော်များနှင့် မိသားစုဝင်စာရင်းတွင်  (family route) ပါရှိသော မိဘများသည် အပြောနှင့် အကြားစွမ်းရည်ကို A2 level တွင် ဖြေကြားရန်လိုပါသည်။ 

အသစ်မိတ်ဆက်လိုက်သော စာမေးပွဲနှင့် သက်ဆိုင်သူများအနေဖြင့် ပြင်ဆင်ရန် လုံလောက်သည့် အချိန်လိုအပ်သည်ကို အစိုးရက အသိအမှတ်ပြုပါသည်။ GOV.UK ၀က်ဘ်ဆိုက်ပေါ်တွင် ယူကေပြည်ထဲရေးရုံး ကအကောင်ထည်ဖော်မည့် အချိန်နှင့် အသေးစိတ်ကို ဆက်လက်အတည်ပြုပေးသွားမည်ဖြစ်ပါ သည်။  အသစ်မိတ်ဆက်လိုက်သော A2 အင်္ဂလိပ်ဘာသာစကားလိုအပ်ချက်သည် ယခု ဆက်လက်နေ ထိုင်ခွင့် လျှောက်ထားသူများ အပေါ် သက်ရောက်ခြင်း မရှိသေးပါ။