Back to top

ရလဒ်များ

စာမေးပွဲရလဒ်များရရှိခြင်းသည် သင့်အတွက် အရေးကြီးကြောင်းနှင့် ထိုရလဒ်များကို အမြန်ဆုံးသိလိုကြောင်း ကျွန်ုပ်တို့အနေဖြင့် နားလည်ပါသည်။ သို့သော် ကျွန်ုပ်တို့မှ တဆင့် ရရှိလာသော ၎င်းရလဒ်များသည် သင်၏ စွမ်းဆောင်နိုင်မှုကို တိတိကျကျဖော်ပြပေးရန်ကလည်း အရေးကြီးပါသည်။

သင်သည် paper- based IELTS ကို ရွေးချယ်ပါက အွန်လိုင်းတွင် IELTS ရလဒ်များကို စာမေးပွဲဖြေဆိုပြီး ၁၃ ရက်အကြာတွင် ကြိုတင်ကြည့်ရှုနိုင်ပါသည်။ ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS ကိုဖြေဆိုထားပါက အွန်လိုင်း တွင် IELTS ရလဒ်များကို စာမေးပွဲဖြေဆိုပြီး  ၃ ရက် မှ ၅ ရက်အတွင်း ကြိုတင်ကြည့်ရှုနိုင်ပါသည်။ 

သင်၏ IELTS ရလဒ် (Test Report Form - TRF) ကို သင့်ထံသို့ အမြန်ချောပို့ဖြင့် paper-based စာမေးပွဲဖြေဆိုပြီး ၁၃ ရက်အကြာတွင် ပို့ပေးမည်ဖြစ်ပြီး computer-delivered စာမေးပွဲဖြေဆိုထားပါက ဖြေဆိုပြီး ၃ ရက် မှ ၅ ရက်အတွင်း ပို့ဆောင်ပေးပါမည်။ 

IELTS TRF ကိုပြည်တွင်းလိပ်စာများသို့ အမြန်ချောပို့ဖြင့်အခမဲ့ပို့ဆောင်ပေးရန်တောင်းဆိုနိုင်ပြီး ပြည်ပလိပ်စာများသို့ပို့ဆောင်လိုပါက ပို့ဆောင်ခကျသင့်ငွေအားပေးချေရပါမည်။  

 

တက္ကသိုလ်များအတွက် အပို TRF ထုတ်ယူခြင်း

TRF အစုံအပိုများထုတ်ယူလိုပါက တစ်စုံလျှင် ၁၀,၀၀၀ ကျပ် ပေးသွင်းခြင်းဖြင့် ထုတ်ယူနိုင်ပါသည်။ 

တက္ကသိုလ်များအနေဖြင့် စာဖြေသူ၏ စစ်ဆေးမှုရလဒ်ကို IELTS Test Report Form (TRF) မှန်ကန်ကြောင်း ၀န်ဆောင်မှုဌာန မှတဆင့် စစ်ဆေးနိုင်ပါသည်။ ထိုသို့ပြုလုပ်နိုင်ရန် သင်၏ TRF အောက်ညာဖက်ထောင့်တွင် ပါရှိသော TRF နံပါတ်လိုအပ်ပါသည်။

 

TRF ၏ တရားဝင်သက်တမ်း

သက်တမ်း (၂) နှစ်ထက် ကျော်လွန်သော TRF ကို တက္ကသိုလ်များက လက်ခံမည်မဟုတ်ပါ။ ဤကဲ့သို့ (၂)နှစ်သက်တမ်း ကျော်လွန်သွားသည့်အခါ သင့်အင်္ဂလိပ်စာအဆင့်သည် စစ်ဆေးမှုယူပြီးနောက် ဆက်လက်၍ တည်မြဲနေကြောင်း (သို့) တိုးတက်လာကြောင်းကို အထောက်အထားပြရန် လိုအပ်ပါသည်။ 

 

သင်၏ IELTS ရလဒ်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းခြင်း (Enquiry on Results - EOR)

အမှတ်ပေးရာတွင် အမှားပါဝင်မှုသည် ဖြစ်လေ့ဖြစ်ထမရှိပါ။ သို့သော်လည်း သင့်အနေဖြင့် အမှားပါသည်ဟု ယုံကြည်ပါက ပြန်လည်စစ်ဆေးပေးရန် ကျွန်ုပ်တို့၏ Enquiry on Result Services ကို လျှောက်ထားနိုင်ပါသည်။ ထိုသို့လျှောက်ထားခြင်းကို စာမေးပွဲဖြေပြီးနောက် (၆) ပတ်အတွင်း ပြုလုပ်ရမည်ဖြစ်ပါသည်။ စစ်ဆေးမှု၏ မည်သည့်အပိုင်းကို ပြန်လည်၍အမှတ်ပေးစေလိုကြောင်းကိုလည်း ရွေးချယ်နိုင်ပါသည်။ 

Enquiry on Result Service အတွက် ၀န်ဆောင်ခပေးရပါသည်။ အကယ်၍ ပြန်လည်စစ်ဆေးပြီးနောက် သင့်ရလဒ်တွင် ပြောင်းလဲမှုရှိပါက ထိုငွေကိုပြန်အမ်းမည်ဖြစ်ပါသည်။ ထိုသို့ ပြန်လည်စစ်ဆေးပေးရသော လုပ်ငန်းသည် (၈) ပတ်အထိ ကြာနိုင်ပါသည်။ ထိုဝန်ဆောင်မှုလုပ်ငန်း၏ ဆောင်ရွက်ပုံနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

 

IELTS ရလဒ်များကို နားလည်ခြင်း

IELTS စစ်ဆေးမှုသည် အင်္ဂလိပ်စာ၏ အဆင့်ကိုသာ သတ်မှတ်ပေးခြင်းဖြစ်ပါသည်။ အောင်သည်/ရှုံးသည် ဟူ၍မရှိပါ။ စစ်ဆေးမှု၏ ကဏ္ဍများဖြစ်ကြသော အကြား၊ အရေး၊ အဖတ်နှင့် အပြောဟူသော အပိုင်းတစ်ခုစီအတွက် ရမှတ် (၀) မှ (၉) အထိ ပေးထားပါသည်။

သင်၏ IELTS ရလဒ်များနှင့် (၉) မှတ်စနစ် ကို မည်သို့နားလည်နိုင်ကြောင်းနှင့် ပတ်သက်၍ သိရှိရန် ထပ်မံစုံစမ်းနိုင်ပါသည်။ 

IELTS ရလဒ်များနှင့် Council of Europe’s Common European Framework of Reference (CEFR) တို့၏ ဆက်သွယ်မှုကိုလည်း နားလည်နိုင်ရန် လေ့လာနိုင်ပါသည်။

 

စစ်ဆေးမှုပြန်လည်ဖြေဆိုခွင့်ရှိသလား

စစ်ဆေးမှုကို ကြိုက်သလောက်အကြိမ်ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ သို့ရာတွင် သင့်ရလဒ်ကို သိသိသာသာ တိုးတက်စေလိုပါက ထပ်မံ၍လေ့ကျင့်သင်ယူရန်လိုအပ်ကြောင်းကို သတိပြုစေလိုပါသည်။ ရလဒ်များသည် ထပ်မံ၍ အင်္ဂလိပ်စာကို သင်ယူမှုမရှိဘဲနှင့် တိုးတက်မှု မရှိနိုင်ဟု IELTS သုတေသန ပြုလုပ်ချက်များက ဖော်ပြထားပါသည်။