Back to top

IELTS အတွက် တစ်ဦးချင်း အွန်လိုင်း IELTS ကျူတာနှင့်အတူပြင်ဆင်ပါ။

EnglishScore Tutors

US$1 အတွက်ပထမဆုံး ၃၀ မိနစ် IELTS ပြင်ဆင်မှုသင်ခန်းစာကိုရယူပါ။

US$1 IELTS သင်ခန်းစာ ကိုရယူပါ။

ကိုယ်ပိုင်သီးသန့်ဖြစ်ခြင်း - သင်လိုအပ်သလိုအသုံးချဖို့

ကျွန်ုပ်တို့၏အကောင်းဆုံးအနီးကပ်ကျူတာဝန်ဆောင်မှုဖြစ်သော British Council EnglishScore Tutors ၏အကူအညီဖြင့် IELTS အတွက်ပျော်စရာကောင်းပြီး အပြန်အလှန် အကျိုးသက်ရောက်မှု ရှိအောင်ပြင်ဆင်ပြီး သင်၏အင်္ဂလိပ်စာကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လိုက်ပါ။ ကျွန်ုပ်တို့၏ က်ူတာ များသည် သင်၏လက်ရှိအဆင့်၊ သင်လိုချင်သော IELTS ရမှတ်နှင့် သင်၏ ရည်မှန်းချက်များ အောင်မြင်ဖို့ လိုအပ်သော အဆင့်များကို နားလည်ရန် သင်နှင့်အတူလက်တွဲပါလိမ့်မည်။

British Council EnglishScore Tutors ဆိုသည်မှာ အဘယ်နည်း။

ဗြိတိသျှကောင်စီ EnglishScore Tutors သည်နစ် ၃၀ ကြာ၊ တစ်ဦးချင်းစီ၊ အွန်လိုင်းအင်္ဂလိပ်စာ သင်ခန်းစာများကို ဗြိတိသျှကောင်စီ မှအတည်ပြုပေးထားသော ကျူတာများနှင့် သင်ကြားပေးသည့် ကိုယ်ပိုင်သီးသန့် ကျူရှင်ဝန်ဆောင်မှူဖြစ်ပါသည်။ သင် IELTS ကိုဖြေဆိုရန် ကြိုတင် စာရင်းသွင်းထားသည် ဖြစ်စေ၊ ဖြေဆိုရန် စာရင်းသွင်းဖို့ ရည်ရွယ်ထားသည်ဖြစ်စေ၊ ကျွန်ုပ်တို့၏ အရည်အချင်းပြည့်ဝေသော ကျူတာများက သင့်အတွက် တိုးတက်ရန် လိုအပ်သည့်နေရာများကို အာရုံစိုက်ရန် သင်နှင့်အတူ လေ့လာမှု အစီအစဉ် ရေးဆွဲပါမည်။ ကျူတာများသည် သင့်အတွက် အဆင်ပြေမည့် အစီအစဉ် နှင့်နည်းလမ်းတို့ ကို လမ်းညွှန် ပေးပါမည်။ သင်ခန်းစာများသည် အပြန်အလှန် စကားစမြည် ပြောဆိုခြင်းကို အခြေခံ၍ သင့်အားယုံ ကြည်စွာပြောဆိုနိုင်စေရန် ဒီဇိုင်းပြုလုပ်ထားပါသည်။

ကိုယ်ပိုင် ဟန်ပန် ၊ ပြောင်းလွယ်ပြင်လွယ်သင်ယူမှု

ကျွန်ုပ်တို့၏ တစ်ဦးချင်းသင်ခန်းစာများသည် သင်၏လိုအပ်ချက်များနှင့်အံဝင်ခွင်ကျဖြစ်သည် - သင်တိုးတက်လိုသည့်ခေါင်းစဉ် (သို့မဟုတ်) စွမ်းရည် ကိုရွေးချယ်ပါ။ (သို့မဟုတ်) သင်ယူမှုအစီအစဉ် တစ်ခု မှရွေးချယ်ပါ။ အကယ်၍ မသေချာပါက သင်၏ ကျူတာ ထံမှ ကျွမ်းကျင်သော အကြံပြုချက်များကို ရယူနိုင်ပါသည်။ သင်ခန်းစာတစ်ခုပြီးတိုင်း သင်၏ ကျူတာ မှ သင့်စကားပြောစွမ်းရည်နှင့် ပတ်သက်၍ သင့်အားအသေးစိတ် သုံးသပ် feedback များကိုပေးပါလိမ့်မည်။

သင်အဆင်ပြေမည့် အချိန်များမှာ သင်ခန်းစားများကို စီစဉ်နိုင်ရန် ကျွန်ုပ်တို့၏ ကျူတာ များ သည် စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များအပါအဝင် ၂၄/၇ အသင့်ရှိနေ ပါသည်။

အကောင်းဆုံး များဆီ ကနေသင်ယူပါ။ 

ကျွန်ုပ်တို့၏ ကျူတာ များသည်ထောင်ပေါင်းများစွာသောကျောင်းသား၊ ကျောင်းသူများကို IELTS အတွက်ပြင်ဆင်ခြင်းနှင့် သူတို့လိုချင်သောအဆင့်များ ရရှိစေရန်ကူညီပေးလျှက်ရှိပါသည်။

ကျူတာဆရာတစ်ဦးချင်းစီ ၌ သင်ကြားရေးအရည်အချင်းများရှိပြီး IELTS စာမေးပွဲများအတွက် လေ့လာ သူများကိုမည်သို့ အကောင်းဆုံးပြင်ဆင်ရမည်ကို အချိန်များစွာလေ့လာထားကြသူများ ဖြစ်သည်။

ကျွန်ုပ်တို့၏နည်းပြဆရာများ ၏ကျွမ်းကျင်မှုအတွေ့အကြုံ၊ ပညာရေးနောက်ခံနှင့် လေယူလေသိမ်းတို့ကိုပိုမိုနားလည်စေရန် ၎င်းတို့၏ ဗီဒီယိုအတို တင်ဆက်မှူမှတဆင့် လေ့လာနိုင်ပါသည်။

ကျွန်ုပ်တို့၏ စနစ်သည် သင်၏လမ်းကြောင်းပေါ်တွင်ရှိနေစေရန်၊ သင်၏တိုးတက်မှုကိုစောင့်ကြည့်ရန်နှင့် သင်၏ IELTS ရည်မှန်းချက်ကိုရောက်ရှိစေရန် ကူညီပါသည်။

စတင်လိုက်ပါ

Download လုပ်ရန်မလိုအပ်ပါ။ သင်လိုအပ်သည်မှာ computer၊ Google Chrome၊ webcam၊ microphone နှင့်အင်တာနက်တို့သာ ဖြစ်ပါသည်။

သင်၏ပထမဆုံးသင်ခန်းစာပြီးနောက်၊ သင်ကြားပို့ချသူနှင့်သင်အလုပ်လုပ်ရန် သဒ္ဒါနှင့်စကားပြောဆိုခြင်းအပါအဝင် ကိုယ်ပိုင်လေ့လာမှုအပြည့်အစုံကို သင်ရရှိမည်ဖြစ်ပါသည်။ နောက်ထပ်မိနစ် ၃၀ စာ သင်ခန်းစာများကို သင်၏သင်ကြားပို့ချသူဖြင့် သင်ခန်းစာ ၃ ခု ၊ ၁၀ ခု ၊ ၂၀ ခု ပါ packages များ အတွက် စာရင်းသွင်းနိုင်ပါသည်။

 

» Frequently asked questions about EnglishScore Tutors