Back to top

မိုဘိုင်းလ်ဖုန်းနှင့် အခမဲ့အင်္ဂလိပ်စာစာမေးပွဲဖြေဆိုပြီး IELTS အတွက်ပြင်ဆင်ပါ။

EnglishScore - အင်္ဂလိပ်စာ စာမေးပွဲကို အခမဲ့ဖြေဆိုပါ။

သင့်အင်္ဂလိပ်စာအရည်အချင်းကို EnglishScore နှင့်စစ်ဆေးပါ။

App ဒေါင်းလုတ်လုပ်ရန်

IELTS အတွက်ပြင်ဆင်ရန် ပျော်စရာနည်းလမ်း

ကမ္ဘာတစ်ဝှမ်းရှိသန်းနှင့်ချီသောလူများနှင့် ပူးပေါင်း၍ သင်၏အင်္ဂလိပ်စွမ်းရည်ကိုစစ်ဆေးရန်နှင့် IELTS အတွက်ပြင်ဆင်ရန် EnglishScore စာမေးပွဲကိုဖြေဆိုလိုက်ပါ။ သင်၏အင်္ဂလိပ်စာအဆင့်ကိုစစ်ဆေးနိုင်ပြီး သင်၏ရလဒ်များကိုသူငယ်ချင်းများနှင့်မျှဝေကာ IELTS လေ့လာရန်ရွေးချယ်စရာများအတွက် သင့်လိုအပ်ချက်နှင့်အညီပြင်ဆင်ထားသောအကြံပြုချက်များကို ရရှိနိုင်ပါသည်။  EnglishScore အောင်လက်မှတ်ကိုလည်း ဝယ်ယူနိုင်ပါသည်။

ဘာကြောင့် EnglishScore ကိုဖြေဆိုသင့်ပါသလဲ။

EnglishScore သည်သင်၏အင်္ဂလိပ်စာအရည်အချင်းကိုသိရှိရန် မြန်ဆန်တိကျသောစစ်ဆေးမှုဖြစ်သည်။ စာမေးပွဲသည် သဒ္ဒါ၊ ဝေါဟာရ၊ Reading နှင့် Listening ကျွမ်းကျင်မှုကို အကဲဖြတ်ပြီး မိမိ၏တိုးတက်မှုအတွက် သုံးနိုင်ပါသည် (သို့မဟုတ်) IELTS ကဲ့သို့သောစာမေးပွဲအတွက်ပြင်ဆင်ရန် အသုံးပြုနိုင်ပါသည်။

ENGLISHSCORE စာမေးပွဲအကြောင်း

ကျွမ်းကျင်မှုလေးမျိုးတွင် တစ်ခုချင်းစီအတွက် ရမှတ်ကို ရာခိုင်နှုန်းနှင့် ဖော်ပြပါသည်။ ၎င်းသည်  CEFR (Common European Framework of Reference for Languages) ၏ A2 (Elementary) နှင့် C1 (Advanced) အကြား သင့်အရည်အချင်းကို အကဲဖြတ်ပါသည်။ 

EnglishScore သည် ဘယ်လိုအလုပ်လုပ်ပါသလဲ။

  • အက်ပလီကေးရှင်းကိုဒေါင်းလုပ်ဆွဲပါ။ ကင်မရာနှင့် စကားပြောခွက် (microphone) ပါသည့် Android ဖုန်းတစ်လုံးလိုအပ်ပါသည်။
  • မိနစ် ၄၀ ထက်နည်းသောအချိန်အတွင်း အခမဲ့စာမေးပွဲကို ဖြေဆိုပါ။
  • ရမှတ်ကို ချက်ချင်းရယူပါ။

စာမေးပွဲပြီးဆုံးပြီးနောက်တွင်

  • သင်၏ရလဒ်များကို အပြန်အလှန်တုံ့ပြန်မှုရှိသော explorer မှရယူပါ
  • သင်၏အောင်မြင်မှုကိုမျှဝေရန် လက်မှတ်ဝယ်ယူပါ
  • စာမေးပွဲအတွက်ပြင်ဆင်သည့်အနေဖြင့် သင်၏တိုးတက်မှုကိုစစ်ဆေးပါ
  • သင့်လိုအပ်ချက်နှင့်အညီပြင်ဆင်ထားသော အကြံပြုချက်များနှင့်အတူ IELTS ပြင်ဆင်မှုသင်တန်းများကို ထပ်မံလေ့လာပါ

သင့်စာမေးပွဲ၏ တန်ဖိုး

သင်၏ရလဒ်အပေါ် အခြေခံ၍ EnglishScore စာမေးပွဲသည် ဗြိတိသျှကောင်စီသင်တန်းများကို အကြံပြုမည်ဖြစ်သောကြောင့် သင့်အင်္ဂလိပ်စာကျွမ်းကျင်မှုကို ထပ်မံတိုးတက်‌အောင် လေ့လာနိုင်ပါသည်။ ဤသင်တန်းများသည် အထွေထွေအင်္ဂလိပ်သင်တန်းများမှ တိကျသော IELTS ပြင်ဆင်မှုအကြောင်းအရာများအထိဖြစ်သည်။

အလုပ်ရှင်အား သင်၏အရည်အချင်းကို သက်သေပြရန်အတွက် လက်မှတ်ဝယ်ယူရန် အခွင့်အရေးလည်းရရှိပါလိမ့်မည်။