IELTS for UKVI ဖြေဆိုဖို့ ရည်ရွယ်ထားပါသလား။ ဗြိတိသျှကောင်စီမှာ IELTS for UKVI ဖြေဆိုဖို့ စာရင်းသွင်းသူများလေ့ကျင့်ပြင်ဆင်ဖို့ အတွက် အထူးပြုလုပ်ထားတဲ့ exclusive offer ကိုရယူနိုင်ပါသည်။ ၂ဝ၂ဝ ဒီဇင်ဘာလ ၃၁ရက် နောက်ဆုံးထားပြီး စာရင်းသွင်းပါက ကျွန်တော်တို့၏ ၉၂,၉ဝဝ ကျပ် တန်ဖိုးရှိ အသစ်စက်စက် IELTS for UKVI preparation package-GEL IELTS Prep ကိုအခမဲ့ ရရှိပြီးလေ့ကျင့်ပြင်ဆင်နိုင်မှာဖြစ်ပါသည်။
GEL(Guided E-Learning) ဆိုသည်မှာ လမ်းညွှန်မှုပေးနိုင်သည့် အီလက်ထရောနစ် သင်ကြားမှုပုံစံ ဖြစ်ပါသည်။ ဤသင်ခန်းစာများသည် သင် IELTS ဖြေဆိုဖို့ အဆင့်သင့်ဖြစ်နေစေဖို့အတွက် ထိထိရောက်ရောက်အထောက်ကူပြုပါသည်။
ဘာတွေပါဝင်ပါသလဲ။
- စာမေးပွဲအား စစ်ဆေးပုံကို နားလည်သဘောပေါက်စေနိုင်သည့် ဗီဒီယိုများ
- ကွန်ပျူတာဖြင့်ဖြေဆိုရသည့် စစ်ဆေးမှုပုံစံအား ရင်းနှီးကျွမ်းဝင်မှု ရစေမည့် အစမ်းစာမေးပွဲ
- လေ့ကျင့်ပြင်ဆင်ခြင်းစာမေးပွဲများ - အချိန်အကန့်အသတ်မရှိ ပြန်လည်နားထောင်နိုင်သည့် audio playback
- အစမ်းစာမေးပွဲများ - တိကျသည့် စာမေးပွဲစစ်ဆေးခြင်းပုံစံ အတိုင်း လေ့ကျင့်ဖြေဆိုကြည့်နိုင်ခြင်း
- Reading၊ Listening၊ Writing နှင့် Speaking skill များကိုလေ့ကျင့်ရာတွင် အထောက်အကူပြုစေမည့်လေကျင့်ခန်းများ
- Writing စာမေးပွဲ အခု ၄၀ အတွက် နမူနာအဖြေများ (Academic 25ခု နှင့် General Training ၁၅ခု)
- Listening နှင့် Reading အဖြေများအားလုံးအတွက် ပြည့်စုံသော feedback များ
- သင်မျှော်မှန်းထားသည့် band score ရလဒ်အား ရရှိစေဖို့အတွက် သင်၏လက်ရှိတိုးတက်မှုအခြေအနေအား ပြန်လည်စစ်ဆေးနိုင်ခြင်း
*Writing နှင့် Speaking အတွက်ပြည့်စုံသော feedback များကို နောက်မှသီးသန့်ရရှိပါလိမ့်မည်။
IELTS for UKVI အတွက်စာရင်းသွင်းပြီးပါက သင်သည် GEL IELTS Prep package ကို test taker registration portal တွင်လော့အင်ဝင်ရောက်ပြီး တိုက်ရိုက် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကိုဗြိတိသျှကောင်စီမှ ပေးပို့မည့် UKVI booking confirmation အီးမေးလ်တွင် သိရှိနိုင်ပါမည်။
ဗြိတိသျှကောင်စီတွင် ယခုပဲစာရင်းသွင်းပြီး အောက်ပါတို့ကိုရယူလိုက်ပါ။
- Road to IELTS Last Minute သင်ခန်းစာ – ဤသင်ခန်းစာတွင် ကျူတိုရီရယ်များ နှင့် အကြံပေးချက်များပါဝင်သည့် ဗီဒီယို ၉ခု၊ အပြန်အလှန်လေ့ကျင့်နိုင်သည့်လှုပ်ရှားမှုများ အခု ၁၀၀၊ ကျွမ်းကျင်မှုလေးခုစလုံးအတွက် အစမ်းလေ့ကျင့်နိုင်သည့်စာမေးပွဲ ၂ခုစီ
- IELTS WordReady – IELTS စာမေးပွဲအတွက် ပြင်ဆင်ရာတွင် အကူအညီပေးနိုင်သည့် ဝေါဟာရ လေ့ကျင့်မှု အွန်လိုင်းရင်းမြစ်များ
- ပြင်ဆင်ခြင်းဆိုင်ရာ အကြံပေးချက်များ ပါဝင်သည့်အခမဲ့ webinar–ကျွန်တော်တို့၏ Facebook page စာမျက်နှာတွင် ရှာဖွေကြည့်ရှုနိုင်ပါသည်
- အဆင်ပြေသည့် ဖြေဆိုရန်နေရာ နင့် ရက်များ – ကမ္ဘာအနှံ့ရှိနိုင်ငံများတွင် စာဖြေဌာနများစွာရှိပါသည်။ ဗြိတိသျှကောင်စီမှတရားဝင်အသိမှတ်ပြုထားသော စာဖြေဌာနပေါင်း ၈၀၀ ကျော်ရှိကာ သွားလာရလွယ်ကူသောနေရာများတွင်တည်ရှိပြီး ခေတ်မီအဆင့်မြင့်မားသည့် အထောက်အပံ့းများပါဝင်သည်
- အီလက်ထရောနစ်စာမေးပွဲအစီရင်ခံစာပုံစံ ၅စောင် အားအခမဲ့ ပေးပို့ပေးခြင်း – သင်လျှောက်ထားမည့် အဖွဲ့အစည်း များထံသို့ အွန်လိုင်း မှအခမဲ့ပေးပို့ပေးခြင်း (ဥပမာ - လူဝင်မှုကြီးကြပ်ရေးရုံးများ၊ တက္ကသိုလ်များ စသည်ဖြင့်)