Back to top

Video-call Speaking စစ်ဆေးခြင်း

Video-call speaking test ဆိုတာဘာလဲ။

Video call ဖြင့် IELTS Speaking စစ်ဆေးခြင်းကို  အချို့ သော IELTS စာစစ်ဌာနများ တွင် စစ်ဆေးနေပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် စာမေးပွဲဖြေဆိုသူများတွင် ရွေးချယ်စရာ IELTS Speaking test slot များပိုမိုရရှိလာမည်ဖြစ်ပါသည်။

Video-Call Speaking test ကို ဖြေဆိုရာတွင် တရားဝင်သတ်မှတ်ထားသော IELTS စာစစ်ဌာန၌ စာမေးပွဲစစ်ဆေးသူနှင့် လူတွေ့မျက်နှာချင်းဆိုင်ဖြေဆိုရသောသာမူလ စစ်ဆေးခြင်းကဲ့သို့ တူညီ၍ အဆင့်မြင့်မားသော စာမေးပွဲဖြေဆိုသူအထောက်အထားစစ်ဆေးခြင်းကို လုပ်ဆောင်သွားမည်ဖြစ်သည်။  ဖြေဆိုရသော အကြောင်းအရာများ၊ အမှတ်ပေးပုံ၊ အချိန်သတ်မှတ်ချက်၊ ခက်ခဲမှုအဆင့်၊ မေးခွန်းပုံစံ နှင့် လုံခြုံရေးစီစဉ်မှုများ အားလုံးတူညီမှု ရှိပါသည်။ 

စာမေးပွဲစစ်ဆေးသူများမှ video-call ဖြင့်စစ်ဆေးပေးခြင်းဖြစ်သောကြောင့် စာမေးပွဲစစ်ဆေးသူနှင့် မျက်နှာချင်းဆိုင်လူတွေ့ ဖြေဆိုရခြင်းပုံစံဖြင့်သာ စစ်ဆေးပေးခြင်းဖြစ်ပါသည်။ 

Video-Call Speaking test အားအောက်ပါ video တွင်ကြည့်ရှုလေ့လာနိုင်ပါသည်။    

စာမေးပွဲဖြေဆိုသူများအတွက်အသုံးဝင်သော tips များ

  • စာမေးပွဲ အစပိုင်းတွင် စာမေးပွဲခန်းစောင့်သူသည် စာမေးပွဲ set up ပြုလုပ်ခြင်း (connection စစ်ဆေးခြင်း၊ headphones နှင့်အသံကြားခြင်းစစ်ဆေးခြင်း၊ သင့် ID ကို စာမေးပွဲစစ်ဆေးသူနှင့် မှန်ကန်ကြောင်းစစ်ဆေးပေးခြင်း) ကိုလုပ်ဆောင်ပေးပြီး သင်သည်စာမေးပွဲအားအဆင်ပြေချောမွေ့ စွာ ဖြေဆိုနိုင်ဖို့အတွက်ကူညီပေးသွားမည်ဖြစ်သည်။
  • စာမေးပွဲ အပိုင်း ၂ မေးခွန်းများအား screen ပေါ်တွင် ဖတ်ရှုရမည်ဖြစ်သောကြောင့် မျက်မှန်တပ်ပါက ယူဆောင်လာရပါမည်။
  • စာမေးပွဲစစ်ဆေးသူပြောဆိုနေသည်များအား သင်ကောင်းကောင်းမကြားရပါက ပြန်လည်မေးမြန်းနိုင်ပါသည်။
  • စာမေးပွဲခန်းစောင့်သူထံမှ အကူအညီရယူလိုပါက စားပွဲပေါ်တွင်ထားရှိပေးထားသော ဘဲလ်အား အသုံးပြုပါ။
  • စာမေးပွဲပြီးဆုံးသွားပါက စာမေးပွဲခန်းစောင့်သူသည် စာမေးပွဲခန်းသို့ ဝင်ရောက်လာပါလိမ့်မည်။ 

Video-Call Speaking test သည်ရိုးရှင်းသော စစ်ဆေးခြင်းဖြစ်ပြီး စာမေးပွဲခန်းထဲတွင် သက်သောင့်သက်သာဖြင့် အဆင်ပြေစွာ ဖြေဆိုနိုင်မှာဖြစ်ပါသည်။ Video-Call Speaking test day journey အားဤနေရာတွင် ကလစ်နှိပ်၍ဖတ်ရှုနိုင်ပါသည်။

Video-Call Speaking test သည်ရွေးချယ်သတ်မှတ်ထားသော နိုင်ငံများ၏ စာစစ်ဌာနများတွင်သာ ဖြေဆိုနိုင်ပြီး ပိုမိုသိရှိလိုပါက ပြည်တွင်းစာစစ်ဌာန enquiries@mm.britishcouncil.org ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

IELTS ဖြေဆိုရန်စာရင်းသွင်းလိုက်ပါ။

IELTS ဖြေဆိုရန်