Back to top

Registration

စာရွက်ပေါ်တွင်ရေးဖြေဖြင့် ဖြေဆိုရန် (သို့) ကွန်ပျူတာဖြင့် ဖြေဆိုရန် IELTS

နေရာအတော်များများတွင် IELTS ဖြေဆိုရန် ယခုသင့်အတွက် ရွေးချယ်စရာ အနေဖြင့် ရေးဖြေဖြင့်သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်သော်လည်းကောင်း ရွေးချယ်စရာရှိလာပြီဖြစ်ပါသည်။

စာရွက်ပေါ်တွင်ရေးဖြေဖြင့် ဖြေဆိုရန် IELTS

ဤရွေးချယ်မှုကိုပြုလုပ်ပါက သင်သည် Listening၊ Reading နှင့် Writing အပိုင်းများကို စာရွက်ဖြင့်ရေးဖြေ ဖြေဆိုရပါမည်။ Speaking စစ်ဆေးခြင်းအပိုင်းအား ကျွမ်းကျင်သော IELTS စာမေးပွဲစစ်ဆေးသူနှင့် မျက်နှာချင်းဆိုင် (သို့မဟုတ်) Video-Call ဖြင့်ဖြေဆိုရပါမည်။ အကယ်၍သင်သည် အထူးလိုအပ်ချက်များ ရှိပါက ရေးဖြေဖြင့် ဖြေဆိုရသော IELTS ကိုသာစာရင်းသွင်းပါ။

.

ကွန်ပျူတာဖြင့် ဖြေဆိုရန် IELTS

ဤရွေးချယ်မှုကိုပြုလုပ်ပါက Listening၊ Reading နှင့် Writing အပိုင်းများကို ကွန်ပျူတာဖြင့် ဖြေဆိုရပါမည်။ Speaking စစ်ဆေးခြင်းသည် အသိအမှတ်ပြုလက်မှတ်ရ စစ်ဆေးသူနှ့င် မျက်နှာချင်းဆိုင် (သို့မဟုတ်) Video-Call ဖြင့်ဖြေဆိုရခြင်းဖြစ်သောကြောင့် သင့်ရဲ့  အပြောစွမ်းရည်ကို အကဲဖြတ်ရာတွင် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။

ပိုမိုလေ့လာရန်

ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS ၏ အပိုင်းလေးခုလုံးမှာ တစ်ရက်တည်းတွင် အပြီးဖြေဆိုနိုင်ပါသည်။ Listening၊ Reading နှင့် Writing အပိုင်းများ ကို စာရွက်ဖြင့်ရေးဖြေ ဖြေဆိုရသော IELTSတွင် တစ်ရက်တည်း ဖြေဆိုနိုင်မှာဖြစ်ပါသည်။ သို့သော်ဤစစ်ဆေးမှုများ အစီအစဉ် မတူညီနိုင်ပါ။ ဤစစ်ဆေးမှု သုံးခုအကြား နားချိန်များလည်းရှိမည်မဟုတ်ပါ။ Speaking စစ်ဆေးမှုအပိုင်းအား အခြားအပိုင်းများ မဖြေဆိုခင် တစ်ပတ်အလို (သို့) ဖြေဆိုပြီး တစ်ပတ်အကြာတွင် ဖြေဆိုရတတ်ပါသည်။

လူတိုင်းIELTS ကိုအဆင်ပြေစွာဖြေဆိုနိုင်စေရန် ကျွန်တော်တို့ဘက်မှ အစဉ်အမြဲ အားစိုက်ကြိုးပမ်းလျှက်ရှိပါသည်။အကယ်၍ သင်သည် အထူးလိုအပ်ချက်များ တောင်းလိုပါက ရေးဖြေဖြင့်ဖြေဆိုရသော IELTS ကိုသာစာရင်းသွင်းပါ။ ဤသို့ဖြေဆိုရသော ပုံစံသည် ကမ္ဘာတစ်ဝှမ်းတွင် ဖြေဆိုနိုင်သည့်ပုံစံဖြစ်ပြီး ဖြေဆိုသူ များ၏လိုအပ်ချက်အတိုင်း ဆောင်ရွက်ပေးနိုင်ပါသည်။ အကယ်၍သင်သည် ကွန်ပြူတာဖြင့်ဖြေဆိုရသော IELTS ကိုရွေးချယ်ပါက ကွဲပြားသည့် စာရင်းသွင်းခြင်းပုံစံသို့ ဝင်ရောက်သွားကာ စာရင်းသွင်းခြင်း အဆင့်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။

စာရွက်ပေါ်တွင်ရေးဖြေဖြင့် ဖြေဆိုရန် (သို့) ကွန်ပြူတာဖြင့်ဖြေဆိုရန် သင်ဖြေဆိုလိုသော စာမေးပွဲပုံစံကို ရွေးချယ်လိုက်ပါ။

 

Computer-delivered IELTS

ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS က မည်သည့် ဆန်းသစ်မှု တွေရှိပါသလဲ။

  • မြန်ဆန်သောရလဒ် - သင်၏ IELTS ရလဒ်သည် စာမေးပွဲဖြေဆိုပြီး ၃ ရက် မှ ၅ ရက်*အတွင်းထွက်ရှိပါမည်။* ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS ကိုဖြေဆိုထားပါက ရလဒ်များကို စာမေးပွဲဖြေဆိုပြီး ၃ ရက် မှ ၅ ရက်အတွင်း ကြိုတင်ကြည့်ရှုနိုင်ပါသည်။ သတိပြုရန်မှာ ရလဒ်များသည် တနင်္ဂနွေနေ့ သို့မဟုတ် အများပြည်သူရုံးပိတ်ရက်များ တွင်ထွက်ရှိပါက စာမေးပွဲအစီရင်ခံစာပုံစံ(TRF) ကိုရုံးပြန်ဖွင့်သည့်နေ့တွင် ပို့ဆောင်ပေးမည်ဖြစ်သည်။
  • စာမေးပွဲ session များတိုးလာခြင်း - တစ်ပတ်တာအတွင်း စာမေးပွဲ session များပိုမိုရှိလာပါသည်
  • Speaking စစ်ဆေးခြင်းအချိန်များ - Speaking ဖြေဆိုရန် တစ်ရက်တည်း တွင် ရွေးချယ်စရာ အချိန်များရှိလာပါသည်
  • နောက်အကျဆုံး စာရင်းပေးသွင်းနိုင်ခြင်း -  စာမေးပွဲမတိုင်ခင် ၃ရက်အလိုထိ နေရာ ရှိသလောက် လုပ်ဆောင်နိုင်ပါသည်
  • Speaking စာမေးပွဲ - ကျွမ်းကျင်သော IELTS စာမေးပွဲစစ်ဆေးသူများမှ စစ်ဆေးပေးပါသည်
  • Listening စာမေးပွဲ - headphone များဖြင့်ဖြေဆိုရပါမည်

မည်သည့်အရာများက တူညီပါသလဲ။

  • စာရွက်ပေါ်ဖြေဆိုရသောစာမေးပွဲနှင့် တူညီသောစာမေးပွဲ‌ကြေး
  • မေးခွန်းပုံစံ
  • ခက်ခဲမှုအဆင့်
  • အမှတ်ပေးခြင်း ၁ (အသုံးမပြုနိုင်သူ)  မှ ၉  (ကျွမ်းကျင်စွာအသုံးပြုသူ)
  • ကမ္ဘာအနှံ့ ရှိအဖွဲ့အစည်းပေါင်း ၁ဝ,ဝဝဝ ကျော်မှ အသိအမှတ်ပြုလက်ခံခြင်း
  • မျက်နှာချင်းဆိုဖြေဆိုရသော Speaking စစ်ဆေးခြင်း - ကျွမ်းကျင်သော IELTS စာမေးပွဲစစ်ဆေးသူများမှ အကဲဖြတ်စစ်ဆေးပေးခြင်း

 

စာရွက်ပေါ်တွင်ရေးဖြေဖြင့် ဖြေဆိုရန် IELTS

ကွန်ပျူတာဖြင့် ဖြေဆိုရန် IELTS