Back to top

IELTS FAQs

Contents

 

Doctor IELTS မှ IELTS နှင့်ပတ်သက်သည့် လွဲမှားသော ထင်မြင်ယူဆချက်များအား ဖြေရှင်းခြင်း

လွဲမှားသောထင်မြင်ယူဆချက်များ မှန်ကန်သော အချက်အလက်များ

၀၁

IELTS အမှတ်များကိုဗြိတိန်နိုင်ငံတွင် ပညာသင်ကြားရန်အတွက်သာ အသုံးပြုနိုင်သည်။

 

ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ စသည့်နိုင်ငံ များအပါအ၀င် နိုင်ငံပေါင်း ၁၄၀ရှိ အဖွဲ့အစည်း ပေါင်း ၁၁,၀၀၀က အသိအမှတ်ပြု လက်ခံ ထား သော IELTS သည် ကမ္ဘာ့ အသိအမှတ်ပြုမှု ကို အများဆုံး ရရှိ ထားသော အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေး မှုဖြစ်သည်။ ဗြိတိန်တွင်သာ အသိအမှတ်ပြု လက်ခံသည်မဟုတ်ဘဲ အင်္ဂလိပ်ဘာသာစကား ပြော ဆိုသော အခြားနိုင်ငံများစွာတွင်လည်း လက်ခံလျက်ရှိပြီး ပညာဆည်းပူးရန်၊ အလုပ်လုပ်ရန်နှင့် ရွှေ့ပြေင်းနေ ထိုင်ရန် ရည်ရွယ်ချက်များအတွက်ဖြစ်သည်။ IELTS သည် နိုင်ငံပေါင်း များစွာအား သွားရောက်နိုင်ရန် အတွက် လျှောက်ထားရာ တွင် အသုံးပြုနိုင်သော စံပြရွေးချယ်မှု တစ်ခုဖြစ်သည်။

၀၂

အမေရိကန် တက္ကသိုလ် အများစုသည် TOEFL ရမှတ်များကိုသာ လက်ခံသည်။

 

မမှန်ကန်ပါ။ Ivy League တက္ကသိုလ်များအပါအ၀င် အမေရိကန်တက္ကသိုလ် ၃၀၀၀ကျော်သည် IELTS ကို အသိအမှတ်ပြုသည်။ ထိပ်တန်း အမေရိကန် တက္ကသိုလ် ၂၀၀၏ ၉၅%နှင့် ၉၉%သည် IELTSကို ၎င်းတို့၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန် အစီအစဉ်လျှောက်ထားမှု အသီးသီး တို့ အတွက် လက်ခံ လျက်ရှိ သည်။ စင်စစ်မှာ အမေရိကန်ရှိ တက္ကသိုလ်များဝင်ခွင့်စီစစ်ရေး အရာရှိများ၏ ၈၃%သည် IELTS ကို အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အတွက် ယုံကြည်စိတ်ချရသော သက်သေတစ်ခု အဖြစ် အကြံပြု ထားသည်။*

ရင်းမြစ် : 2015 US News and World Report Top 200 ranking နှင့် တက္ကသိုလ်တစ်ခုစီ၏

ဝက်ဘ်ဆိုဒ်များ *ရင်းမြစ်: 2016 US Admissions Officers Online Survey

၀၃

လက်ရေးလက်သားမကောင်းမွန်မှုအတွက် အမှတ်လျော့နိုင်သောကြောင့် ကွန်ပျူတာ အခြေပြုစစ်ဆေးမှုသည် ပိုမို ကောင်းမွန် သည်။

 

သင်၏အဖြေသည် ဖတ်ရှုနိုင်သည်အထိ ရှင်းလင်းမှုရှိလျှင် သင်၏ လက်ရေးလက်သားအတွက် အမှတ်လျော့မည် မဟုတ်ပါ။ ကွဲပြားခြားနားသော ကျောင်းသားများတွင် မတူ ညီသော ကြိုက်နှစ် သက်မှုများ ရှိနိုင်သည်။ ကျောင်းသားအ ချို့သည်  ၎င်းတို့၏ အဖြေများကို ဘောပင်နှင့် စာရွက် တို့ဖြင့် လက်နှင့်ချရေး လိုကြခြင်းသည် ကျောင်း စာမေးပွဲများ တွင် ၎င်းတို့ အသုံးပြုသည့် အကျွမ်းဝင် လျက်ရှိသော ပုံစံပင်ဖြစ်သည်။ ကွန်ပျူတာဖြင့် အလုပ်လုပ် လေ့ရှိသော ကျောင်း သား အချို့သည် ၎င်းတို့အနေဖြင့် PC နှင့် ပိုမို ကျွမ်းဝင်မှုရှိသဖြင့် ကွန်ပျူတာ အခြေပြု စစ်ဆေးမှု ကို ဆောင်ရွက်လိုကြမည်ဖြစ်သည်။

၀၄

TOEFLထက် IELTSတွင် အမှတ်များများ ရရန်သည် ပိုမိုခက်ခဲသည်။

 

နှစ်မျိုးလုံးသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးမှုများဖြစ်သော်လည်း ကွဲပြား သော စစ်ဆေးမှုနှစ်မျိုး ဖြစ်ပြီး အတူ နှိုင်းယှဉ်၍ မရနိုင်ပါ။ IELTS သည် ကမ္ဘာ့ လူကြိုက်အများဆုံး အင်္ဂလိပ်စာ စစ်ဆေးခြင်း စာမေးပွဲ ဖြစ်ရခြင်း အကြောင်းအရင်းများရှိပါသည်။ လက်တွေ့နှင့် ပညာရေးဆိုင်ရာ အင်္ဂလိပ် ဘာသာစကား အသုံးပြုမှုကို ပေါင်းစပ်ထားသော ဆက်သွယ်မှု ဆိုင်ရာ စစ်ဆေးမှုဖြစ်ပြီး မျက်နှာ ချင်းဆိုင် စကားပြော စွမ်းရည် စစ်ဆေးမှုသည် စာ မေးပွဲဖြေဆိုသူ၏ အင်္ဂလိပ်ဘာ သာစကား ဆိုင်ရာ စွမ်းရည်အပေါ် တိကျသော အကဲဖြတ် ဆန်းစစ်မှု ကို ပေးစွမ်း နိုင်သည်။ ထို့အပြင် ဆိတ်ငြိမ်သော စစ်ဆေးရေးပတ်ဝန်းကျင်သည် စာမေးပွဲ ဖြေဆိုသူ များကို ကောင်းစွာ စွမ်းဆောင် နိုင်စေရန် ပံ့ပိုး ကူညီပေးပါသည်။

၀၅

စစ်ဆေးမှုတစ်ခုလုံးတွင် ပုံသေ fixed format ဖြင့် ဖြေဆိုရခြင်းထက် မိမိနှစ်သက်ရာ ကဏ္ဍ များကို အရင်ဖြေဆိုနိုင်သော flexibility ရှိခြင်း က ပိုမိုကောင်းမွန်သည်။

 

IELTS စစ်ဆေးမှုတွင် စာမေးပွဲဖြေဆိုသူအားလုံးသည် တူ ညီသောအချိန်တွင် တူညီသော ကဏ္ဍကို ဖြေဆိုကြ ရသောကြောင့် ဆိတ်ငြိမ်သော စစ်ဆေးရေးပတ်ဝန်းကျင်ကို ရရှိစေသည်။ ဖြေဆိုသူများ အနေနှင့် ကွဲပြားသော အချိန်များတွင် မတူညီသော ကဏ္ဍများကို ဖြေဆိုခွင့်ရှိ သော (flexibility ရှိသော) စစ်ဆေးမှုများတွင် စစ်ဆေးရေး ပတ်ဝန်းကျင်သည် ပိုမိုဆူညံနိုင်ကာ ကျောင်းသား အချို့ သည့် အပြောစွမ်းရည် စစ်ဆေးမှု (speaking test)ကို ဖြေဆိုနေစဉ် အချို့မှာ အကြားစွမ်းရည် ကဏ္ဍ (listening section)ကို ဖြေဆိုနေနိုင်သောကြောင့် ဖြစ်သည်။

၀၆

IELTSသည် ဗြိတိန်နိုင်ငံမှ စစ်ဆေးသော စစ်ဆေးမှုဖြစ်သောကြောင့် ဗြိတိန်နိုင်ငံသုံး အင်္ဂလိပ်ဘာသာစကား (British English) ကို အသုံးပြုပြီး TOEFLသည် အမေရိကန် နိုင်ငံသုံး အင်္ဂလိပ်ဘာသာစကား (American English) နှင့် လေယူလေ သိမ်း (accent) များကို ရောနှော ပြောဆို ခြင်း တို့အား အသုံးပြု ထားသည်။

 

IELTSသည် နိုင်ငံတကာ စစ်ဆေးမှုဖြစ်ပြီး ဗြိတိန်၊အမေ ရိကန်၊ သြစတြေးလျ၊ ကနေဒါနှင့် အခြားနိုင်ငံများတွင် အသုံးပြုသော အင်္ဂလိပ်ဘာသာစကား စံညွှန်း အမျိုးမျိုးကို လက်ခံပါသည်။ native-speaker ပြောဆိုသော အင်္ဂလိပ် ဘာသာစကား လေယူလေသိမ်း (accent) အမျိုးမျိုးကို အကြားစွမ်းရည် နှင့် အပြောစွမ်းရည် စစ်ဆေးမှုတွင် အသုံးပြုပါသည်။ အကြားစွမ်းရည် ကဏ္ဍတွင် သင်သည် ကောင်းမွန်စွာ ပြင်ဆင်ထားပါက ကမ္ဘာ အရပ်ရပ်မှ လာသော သူများနှင့် ပိုမိုလွယ်ကူစွာ ပြောဆိုဆက်ဆံနိုင်မည် ဖြစ်သောကြောင့် နိုင်ငံရပ်ခြားတွင် ပညာသင်ယူခြင်း သို့မဟုတ် အလုပ် လုပ်ခြင်း တို့ကို စတင်ရာတွင် သင့်အား ပိုမိုကောင်း မွန်သော အနေအထားကို ပေးစွမ်းနိုင်မည်ဖြစ် သည်။ အပြောစွမ်းရည် စစ်ဆေးမှုတွင် ဖြေဆိုသူများအနေဖြင့် ၎င်းတို့ သက်သောင့်သက်သာ ရှိသော မည်သည့် accent နှင့်မဆို ပြောဆိုနိုင်သည်။ စစ်ဆေးသူများသည် စံညွှန်းကဏ္ဍ ၄မျိုး ဖြစ်သော ကျွမ်းကျင်သွက် လက်စွာ ပြောဆိုနိုင်မှုနှင့် ညီညွတ်စပ်ဆက်မှုရှိခြင်း (Fluency and Coherence)၊ ဝေါဟာရဆိုင်ရာ ရင်းမြစ် (Lexical Resource)၊ သဒ္ဒါ အမျိုးမျိုးအသုံးပြုမှု (Grammatical Range) နှင့် တိကျမှန်ကန်မှုနှင့် အသံထွက်ပုံစံ (Accuracy and Pronunciation) တို့တွင် တစ်ခုချင်းစီအတွက် band အမှတ် သတ်မှတ်ပေးသည်။ စစ်ဆေးမှုတွင် အသုံးပြုသော ကွဲပြားသည့် accent များနှင့် ရင်းနှီးကျွမ်းဝင်စေရန် ကျွန်ုပ်တို့၏ အခမဲ့ အွန်လိုင်း လေ့ကျင့်မှု သင်ခန်းစာ ‘Road to IELTS’ ကို လေ့လာကြည့်ပါ - https://www.ieltsasia.org/mm/bm/prepare/road-to-ielts

၀၇

အပြောစွမ်းရည် စစ်ဆေးမှုတွင် ကွန်ပျူတာ ထက်စာလျှင် စစ်ဆေးသူ ရှေ့တွင် မျက်နှာ ချင်းဆိုင် ဖြေဆိုရခြင်းက မိမိ၏ စွမ်းဆောင်မှု ကို ပိုမိုကျဆင်း စေသည်။

 

ယခင်ဖြေဆိုခဲ့သူများက ဤအချက်ပေါ်တွင် သဘော မတူညီမှုများ ရှိနိုင်သည်။ သူတို့က ကွန်ပျူတာ နှင့် နှိုင်းစာလျှင် လူပုဂ္ဂိုလ်တစ်ဦးနှင့် မျက်နှာချင်းဆိုင် ပြောဆိုခြင်းက ပိုမိုသဘာဝ ကျသည်ဟု မှတ်ယူ ထားခဲ့ကြသည်။ မေးခွန်း ကို ရှင်းလင်းမှုမရှိ လျှင် စစ်ဆေးသူ ထံ ပြန်လည် ရှင်းလင်း အောင် မေးမြန်းနိုင်ပြီး သင်၏ ပြောဆိုချက် သည် ကွန်ပျူတာ ထက်စာလျှင် လူပုဂ္ဂိုလ် တစ်ဦးနှင့် စကားပြော ဆို ရသောကြောင့် ပိုမို သဘာဝ ကျမည်ဖြစ်သည်။

၀၈

IELTS စာမေးပွဲဖြေဆိုသူများ၏ ပျမ်းမျှ ရမှတ်နည်းလေ့ရှိသော နိုင်ငံများတွင် သွားရောက်ဖြေဆိုခြင်းက ပိုမိုလွယ်ကူသည်။

 

လုံးဝ မမှန်ကန်ပါ။ IELTS သည် နိုင်ငံတကာ အဖွဲ့အစည်း ၃ခုနှင့် ထူးခြား ကောင်းမွန်သော ပါတနာဖွဲ့မှုမှ အကျိုးရလဒ်များကို ရရှိလျက်ရှိသည်။ British Council သည် IELTS ပါတနာများထဲမှ တစ်ဦးဖြစ်ကာ စာမေးပွဲစစ်ဆေးမှုကို ဆော င်ရွက်လုပ်ကိုင်ပေးခြင်း ကဏ္ဍ နှင့် စာမေးပွဲစစ်ဆေး သော စင်တာများနှင့် သက်ဆိုင်သည့် ကဏ္ဍ များကို စီမံပေးလျက်ရှိပြီး Cambridge Assessment သည် IELTS စင်တာများအားလုံး အတွက် သုတေသန၊ စစ်ဆေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် မေးခွန်း ပေးပို့မှုတို့ အတွက် ပါဝင်ဆောင်ရွက်သည်။ မေးခွန်းများ ထုတ်လုပ်မှုနှင့် ပေးပို့မှုတို့ကို Cambridge Assessment က ထိန်းချူပ်ထားသဖြင့် စစ်ဆေးမှု၏ စံနှုန်း သည် သင်ဖြေဆိုရန် ရွေးချယ်ထားသော နေရာဒေသနှင့် သက်ဆိုင်မှုမရှိဘဲ နေရာတိုင်းတွင် တူညီပါသည်။ ယင်းသည် ဖြေဆိုသူ များ၏ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုများ အပေါ် အကဲဖြတ်ရာတွင်လည်း ညီညွတ် မျှတ၍ တသမတ်တည်း ဖြစ်သည်။

၀၉

Writing test အတွက် သတ်မှတ်ထား သော စကားလုံးထက် ပိုမို ရေးသားမိလျှင် အမှတ်လျော့မည်။

 

မမှန်ကန်ပါ။ စကားလုံး အရေအတွက် သတ်မှတ်ပေး ထားခြင်းသည် task တစ်ခုတည်းတွင် အချိန်အားလုံးကို မသုံးမိစေရန် နှင့် ဒုတိယ task အတွက် ကြိုးစား ဖြေဆိုရာတွင် အချိန်မလုံ လောက်မှုနှင့် ကြုံတွေ့နိုင်သည့် အတွက် သင်၏ အချိန်ကို ကောင်းမွန်စွာ စီမံရာတွင် ကူညီပံ့ပိုးရန် ဖြစ်ပါသည်။ ကန့်သတ်ထားသော စကားလုံးပမာဏကို ကျော်လွန်သော ကြောင့် အမှတ် မလျော့ပါ။ 

၁၀

IELTS စစ်ဆေးမှုတွင် အမေရိကန်နိုင်ငံ သုံး အင်္ဂလိပ်စာလုံးပေါင်းပုံစံကို အသုံးပြု လျှင် အမှတ်နည်းပါးစွာ ရရှိနိုင်သည်။

 

စာလုံးပေါင်းမှန်ကန်သ၍ အမေရိကန်နှင့် ဗြိတိန်နိုင်ငံသုံး အင်္ဂလိပ်စာလုံးပေါင်းပုံစံ နှစ်မျိုးလုံးကို လက်ခံပါသည်။

 

Computer-delivered IELTS အတွက် FAQ များ

လွဲမှားသောထင်မြင်ယူဆချက်များ မှန်ကန်သော အချက်အလက်များ
General
ဘယ်စာမေးပွဲက ကျွန်တော့ အတွက်အကောင်းဆုံးဖြစ်မလဲ။

ရွေးချယ်မှုကတော့ သင့်ရဲ့  ကိုယ်ပိုင်ကြိုက်နှစ်သက်မှု အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

အချို့ ကတော့ ကျောင်းတွေမှာ ဖြေဆိုနေကျပုံစံအတိုင်း စာရွက်ပေါ်မှာ ရေးဖြေဖြင့် ဖြေဆိုရသည့် paper-based exams များကိုကြိုက်နှစ်သက်ကြပြီး အချို့  ကတော့ ကွန်ပြူတာဖြင့် ရိုက်နှိပ်ဖြေဆိုရတာကို ပိုမိုသဘောကျ ကြပါတယ်။

စာမေးပွဲပုံစံ ၂မျိုးစလုံး နှင့်ပတ်သက်တဲ့ အချက်အလက်များကို ဤနေရာhere. မှာလေ့လာနိုင်ပါတယ်။ မည်သည့် စာမေးပွဲပုံစံကို ဖြေဆိုရမည်ကို တိုင်ပင်ဆွေးနွေးလိုပါက စာမေးပွဲဌာန နှင့်ဆက်သွယ်လိုက်ပါ။

ကွန်ပျူတာဖြင့်ဖြေဆိုရသော စာမေးပွဲက စာရွက်ပေါ်တွင်ရေးဖြေဖြင့် ဖြေဆိုရသည့် စာမေးပွဲ မှာလိုပဲ ပါဝင်သောအကြောင်းအရာများ တူညီပါသလား။ ကွန်ပျူတာဖြင့်ဖြေဆိုရသော စာမေးပွဲမှာ Listening၊ Reading နှင့် Writing အပိုင်းများပါဝင်ပြီး ရေးဖြေစာမေးပွဲနှင့် ပါဝင်သောအကြောင်အရာ၊ အမှတ်ပေးပုံ၊ ခက်ခဲမှုအဆင့် နှင့် မေးခွန်းပုံစံ အားလုံးတူညီမှုရှိပါတယ်။ Speaking စစ်ဆေးခြင်းကိုတော့ အသိအမှတ်ပြုလက်မှတ်ရ IELTS စာမေးပွဲ စစ်ဆေးသူများက စစ်ဆေးပေးပါတယ်။
စာမေးပွဲကို ကွန်ပျူတာဖြင့် အမှတ်ဖြတ်ပါသလား (သို့မဟုတ်) လူဂ္ဂိုလ်ဖြင့်လား။ IELTS Reading နှင့် Listening အပိုင်းများကို ကွန်ပျူတာဖြင့် အမှတ်ဖြတ်ပေးပြီး Writing နှင့် Speaking အပိုင်းများကို တော့ ကျွမ်းကျင်သော IELTS စာမေးပွဲစစ်ဆေးသူများက အကဲဖြတ်အမှတ်ပေးပါတယ်။
ကွန်ပျူတာဖြင့် ဖြေဆိုရသော စာမေးပွဲက ကွန်ပျူတာဖြင့် အကဲဖြတ်အမှတ်ပေးတဲ့အတွက် ပိုမိုလွယ်ကူပါသလား။  စာမေးပွဲကို အမှတ်ဖြတ် ရာမှာ ကွန်ပျူတာဖြင့်ဖြေဆို ရသည့် စာမေးပွဲ နှင့် စာရွက်ပေါ်တွင်ရေးဖြေဖြေဆိုရသော စာမေးပွဲ နှစ်ခုစလုံးရဲ့  အကဲဖြတ်ပုံ စံနှုန်းများ ကွဲပြားခြားနားမှုမရှိပါ။
ကွန်ပျူတာဖြင့်ဖြေဆိုရသည့် စာမေးပွဲက စာရွက်ပေါ်တွင်ရေးဖြေဖြင့် ဖြေဆိုရတဲ့ စာမေးပွဲ ထက်ပိုမိုခက်ခဲပါသလား။ မခက်ပါ။ ကွန်ပျူတာဖြင့်ဖြေဆိုရတဲ့ စာမေးပွဲမှာ Listening၊ Reading နှင့် Writing အပိုင်းများပါဝင်ပြီး ရေးဖြေစာမေးပွဲ အတိုင်း ပါဝင်သောအ ကြောင်းအရာ၊ အမှတ်ပေးပုံ၊ ခက်ခဲမှုအဆင့် နှင့် မေးခွန်းပုံစံ အားလုံးတူညီမှုရှိပါတယ်။ Speaking စစ်ဆေးခြင်းကိုတော့ အသိအမှတ်ပြုလက်မှတ်ရ IELTS စာမေးပွဲ စစ်ဆေးသူများက စစ်ဆေးပေးပါတယ်။
TOEFL စာမေးပွဲ မှာ speaking စစ်ဆေးခြင်းကို ကွန်ပျူတာနှင့် စစ်ဆေး တယ်လို့  ကျွန်တော်သိထား ပါတယ်။ကွန်ပျူတာနှင့် ဖြေဆိုရတဲ့ IELTS စာမေးပွဲ မှာပါ  speaking စစ်ဆေးခြင်း ထို နည်းတူပင်ဖြစ်ပါသလား။ 

မဟုတ်ပါ။ IELTS Speaking စစ်ဆေးခြင်းကိုတော့ အသိအမှတ်ပြုလက်မှတ်ရ IELTS စာမေးပွဲ စစ်ဆေးသူများက စစ်ဆေးပေးပါတယ်။ အဲဒီလို စစ်ဆေးပေးခြင်း က နှစ်ဦးနှစ်ဖက် အပြန်အလှန်ပြောဆိုရပြီး သဘာဝကျစေပါတယ်။

Speaking စစ်ဆေးခြင်ကိုတော့ မျက်နှာချင်းဆိုင် ပြောဆိုရခြင်း ပုံစံဖြင့်သာ စစ်ဆေးပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ရဲ့  ပြောဆိုချက်ဟာ ကွန်ပျူတာ ထက်စာလျှင် လူပုဂ္ဂိုလ် တစ်ဦးနှင့် စကားပြော ဆို ရတာကြောင့် ပိုမို သဘာဝ ကျမည်ဖြစ်တယ်လို့ကျွန်တော်တို့ ယုံကြည်သောကြောင့်ဖြစ်ပါတယ်။

အထူးလိုအပ်ချက်များအတွက် စီစဉ်ပေးခြင်း
IELTS ဖြေဆိုဖို့ အတွက် ကျွန်တော်သည် အထူးအကူအညီများလိုအပ်သောသူ ဖြစ်ပါသည်။ ဒါ ကြောင့် ကွန်ပျူတာဖြင့်ဖြေဆိုရသည့် IELTS ကို ကျွန်တော်ဖြေဆိုနိုင်ပါသလား။ စာရွက်ပေါ်တွင်ရေးဖြေဖြေဆိုရသော စာမေးပွဲကိုဖြေဆိုပါက အထူးလိုအပ်ချက်များနှင့် အထူးအကူအညီများလိုအပ်သောဖြေဆိုသူများအတွက် ပံ့ပိုးပေးရန် နည်လမ်းများရှိပါတယ်။ အထူးအကူအညီများလိုအပ်သော မသန်စွမ်းစာဖြေသူများသည် ပြည်တွင်းရှိ ဗြိတိသျှကောင်စီ ရုံးသို့  ဆက်သွယ်ကာ လိုအပ်တဲ့ ပံ့ပိုးမှုများကိုရရှိဖို့နှင့် ကွန်ပျူတာဖြင့်ဖြေဆိုရတဲ့ စာမေးပွဲ နှင့် သင့်တော်မှု ရှိမရှိကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
ကျွန်တော် ရဲ့  laptop သို့မဟုတ် keyboard ကို ယူဆောင်လာဖို့လိုအပ်ပါသလား။ ယူဆောင်လာဖို့ မလိုအပ်ပါ။ စာဖြေဌာန မှလိုအပ်တဲ့ ကွန်ပြူတာအသုံးအဆောင် ပစ္စည်းများကို ထားရှိပေးထားတဲ့ အတွက် မည်သည့် စက်ပစ္စည်းအသုံးအဆောင်ကို မှယူဆောင်လာခွင့်မရှိပါ။
စာမေးပွဲအကြိမ်အရေအတွက်
 နောင်တွင် ကွန်ပျူတာဖြင့်ဖြေဆိုရတဲ့IELTS စာမေးပွဲများ ပိုမို ရှိလာနိုင်ပါသလား။

 အစပိုင်းမှာတော့ ကွန်ပျူတာဖြင့်ဖြေဆိုရတဲ့IELTS စာမေးပွဲများကို ကန့်သတ်ထားတဲ့ စာစစ်ဌာနများမှာ တစ်ရက်လျှင်တစ်ကြိမ်သာရှိနိုင်မှာဖြစ်တယ်။ ၂ဝ၁၉ နောက်ပိုင်းကာလများ မှာကွန်ပျူတာဖြင့်ဖြေဆိုရတဲ့IELTS အကြိမ်ရေများတိုးလာမှာဖြစ်ပါတယ်။ ပိုမိုသိရှိလိုပါက သင်နှင့် အနီးစပ်ဆုံး ပြည်တွင်း စာစစ်ဌာနမှာ စုံစမ်းခြင်း သို့မဟုတ် ဒီနေရာမှာ ဝင်ရောက်လေ့လာလိုက်ပါ။

ကွန်ပျူတာဖြင့်ဖြေဆိုရတဲ့IELTS ကိုတောင်းဆိုမှုရှိပါက အချိန်မရွေး စစ်ဆေးပေးနိုင်ပါသလား။ ကွန်ပျူတာဖြင့်ဖြေဆိုရတဲ့IELTS ကိုလက်ရှိမှာ တောင်းဆိုမှုရှိပါက စစ်ဆေးပေးနိုင်ခြင်းမရှိသေးပါ။ စာရင်းသွင်းမှတ်ပုံတင်ခြင်းပုံစံ က စာရွက်ပေါ် မှာ ရေးဖြေဖြေဆိုရတဲ့ IELTS နှင့် တူညီမှုရှိပါတယ်။
PTE နှင့် TOEFL IBT ထက် computer-delivered IELTS ကိုပိုမိုတွင်ကျယ်စွာ ဖြေဆိုနိုင်ပါသလား။ စာမေးပွဲရက် များနှင့် နေရာ အချက်အလက်များကို ဒီနေရာမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။
စာမေးပွဲအတွက်ပြင်ဆင်ခြင်း
စာမေးပွဲအတွက် ပြင်ဆင်ရန်ဘယ်လို သင်ထောက်ကူလေ့ကျင့်ခန်းများရှိပါသလဲ။

ကွန်ပျူတာဖြင့်ဖြေဆိုရတဲ့ IELTS အကြောင်းကို ရှင်းလင်း တဲ့ overview နှင့် စစ်ဆေးသည့်ပုံစံကို လေ့လာနိုင်မည့် စာမေးပွဲအတွက် ပြင်ဆင်ရန် သင်ထောက်ကူလေ့ကျင့်ခန်းများကို ဒီနေရာ မှာ လေ့လာနိုင်ပါတယ်။

အခြားသောလေ့ကျင့်နိုင်မည့် materials များလည်း ဒီနေရာ မှာလေ့လာနိုင်ပါတယ်။ ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့ IELTS နှင့် ရေးဖြေဖြေဆိုရတဲ့ IELTS စာမေးပွဲမေးခွန်းပုံစံများက တူညီမှုရှိတဲ့အတွက် လေ့ကျင့်ခန်း materials များလည်း စာမေးပွဲဖြေဆိုသူအားလုံးအတွက် သင့်တော်ပါ တယ်။

စာမေးပွဲများနှိုင်းယှဉ်ခြင်း
ကွန်ပျူတာဖြင့်ဖြေဆိုရတဲ့IELTS ကို PTE နှင့် /သို့မဟုတ် TOEFL IBT နှင့်မည်သို့ နှိုင်းယဉ်ကြည့်နိုင်ပါသလဲ။  

IELTS နဲ့ စာမေးပွဲဖြေဆိုသူများသည် အလုပ်အကိုင်အတွက် ဖြစ်စေ၊ ပညာသင်ကြားဖို့အတွက် ဖြစ်စေ၊ ပြောင်းရွှေ့  နေထိုင်ဖို့ အတွက်ဖြစ်စေ ကမ္ဘာ့အသိအမှတ်ပြု ဆုံး အဆင့်မြင့် high-stakes အင်္ဂလိပ်ဘာသာစကားစစ်ဆေးခြင်းစာမေးပွဲကိုဖြေဆိုခြင်း ဖြစ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝထားရှိနိုင်ပါတယ်။

ကမ္ဘာအနှံ့ရှိ  အဖွဲ့အစည်းပေါင်း ၁ဝ,၀၀၀ ကျော်ကလည်း IELTS ရဲ့  မျှတစွာစစ်ဆေးမှု၊ ယုံကြည်စိတ်ချရမှု၊ အရည်အသွေးအဆင့်မြင့်မားမှုတို့ကို အသိအမှတ်ပြုထားပါတယ်။ အဲဒီအချက်တွေက computer-delivered နဲ့ paper-based စာမေးပွဲပုံစံ ၂မျိုးစလုံး အတွက်အကျုံးဝင်စေပါတယ်။ 

ဘာကြောင့် IELTS စာမေးပွဲတစ်ခုလုံးကို PTE နဲ့ TOEFL လိုမျိုးကွန်ပြူတာနဲ့ မစစ်ဆေးတာလဲ။ IELTS မှာ လူ လူပုဂ္ဂိုလ်ဖြင့် ပြောဆိုဆက်ဆံရမှာဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် စစ်ဆေးခြင်းက စာမေးပွဲဖြေဆိုသူတွေကို လက်တွေ့ မှာ အသုံးချရမယ့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုများကို ဖွံ့ ဖြိုး တိုးတက်စေပါတယ်။ IELTS Speaking စာမေးပွဲကို အသိအမှတ်ပြု IELTS စာမေးပွဲစစ်ဆေးသူများက စစ်ဆေးပေးပြီး အပြန်အလှန် မျက်နှာချင်းဆိုင် ပြောဆိုခြင်းဖြင့် ပိုမိုသဘာဝ ကျစေပါတယ်။
စာမေးပွဲရလဒ်များ
ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့ IELTS က စာမေးပွဲရလဒ်များကို စောစောသိနိုင်ပါသလား။  ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့ IELTS ကိုဖြေဆိုပါက ရလဒ်များကို စာမေးပွဲနောက်ဆုံးအပိုင်းအား ဖြေဆိုပြီး ၃ရက် မှ ၅ရက်အတွင်း ရရှိမှာဖြစ်ပါတယ်။ သတိပြုရန်မှာ  ရလဒ်များသည် တနင်္ဂနွေနေ့ သို့မဟုတ် အများပြည်သူရုံးပိတ်ရက်များ တွင်ထွက်ရှိပါက စာမေးပွဲအစီရင်ခံစာပုံစံ(TRF) ကိုရုံးပြန်ဖွင့်သည့်နေ့တွင် ပို့ဆောင်ပေးပါမှာဖြစ်ပါတယ်။
စာမေးပွဲကြေး
ဘယ်စာမေးပွဲက စာမေးပွဲကြေးပိုမြင့်ပါသလဲ။ IELTS ကစာမေးပွဲဖြေဆိုသူအားလုံးကို   ဘယ်နေရာမှာပဲဖြေဖြေ တူညီသော စာမေးပွဲ အတွေ့အကြုံ ကိုရရှိစေဖို့အတွက် ကြိုးစားလျှက်ရှိပါတယ်။ သင်ရွေးချယ်ထားတဲ့ စာမေးပွဲ session ရဲ့  ဈေးနှုန်းကို စာရင်းသွင်းခြင်းမပြုလုပ်မီ ကျေးဇူးပြု၍ စစ်ဆေးပေးပါ။