IELTS စာမေးပွဲသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး အသိအမှတ် ပြုခြင်းခံထားရသည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုစာမေးပွဲဖြစ်ပြီး ကမ္ဘာအနှံ့ရှိ တက္ကသိုလ်များက လက်ခံကြပါသည်။
၎င်း IELTS ကို ပူးတွဲဖန်တီးစီစဉ်သည့် အဖွဲ့အစည်းတစ်ရပ်အနေနှင့် သင့်ပညာရေးခရီး ရှေ့ဆက်နိုင်ရန် လိုအပ်သော အမှတ်အဆင့်များရရှိစေရန် ကူညီပေးရန် အသင့်လျော်ဆုံးအနေအထားတွင် ရှိပါသည်။
ဤသင်တန်းသို့တက်ရောက်လေ့လာပါက သင်သည်
- သင်၏ စာမေးပွဲရလာဒ်တို့ မြင့်မားနိုင်စေရန် သင့်အားကူညီပေးမည့် စာမေးပွဲဖြေဆိုနည်းဗျူဟာများ လေ့လာမိမည်ဖြစ်သည်။
- IELTS စာမေးပွဲအကြောင်းအားလုံးသိကျွမ်းသော အထူးကျွမ်းကျင်သူဆရာတစ်ဦးမှ သင်ကြားပေးမည်။
- သင် အဓိကအားသာသော အချက်များ၊တိုးတက်မှုရှိနိုင်သော နေရာများကို စစ်ဆေး၍ အကြံပေးမည် ဖြစ်သည်။
- ပြန်လှန်လေးကျင့်ခြင်း သင်ခန်းစာများဖြင့် သင် စာမေးပွဲဖြေသောနေ့တွင် ပိုမိုယုံကြည် ချက်ပြည့်ဝမှုကို ခံစားရမည်ဖြစ်သည်။
IELTS Academic သင်တန်း
ဤသင်တန်းသည် သင် စာမေးပွဲတွင် အောင်မြင်မှုရရှိနိုင်ရန် လိုအပ်သော အရေးကြီးအချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်စသည်များဖြင့် စာမေးပွဲဖြေသည့်အခါ ယုံကြည်ချက်ရစေရန် ကူညီပေးမည်ဖြစ်သည်။ ဤသင်တန်းတွင် ထပ်တိုးထားသော စာမေးပွဲလေ့ကျင့်ခန်းကဏ္ဍများနှင့် အပိုထပ် မံဖြည့်စွက်ထားသော ကူညီထောက်ပံ့မှုများပါ ရရှိမည်ဖြစ်သည်။ သင်တန်းကာလမှာ ၁၀ ပတ် ကြာမြင့်ပြီး စာသင်ချိန်မှာ နာရီ ၆ဝ ဖြစ်သည်။ သင်တန်းအား ဇန်န၀ါရီလ၊ မေလ၊ ဇူလိုင်လနှင့် အောက်တိုဘာလတို့ရှိ သင်တန်းကာလတိုင်း၏ အစတွင် စတင်ပါမည်။
IELTS Express သင်တန်း
IELTS Express သင်တန်းသည် စာမေးပွဲဖြေဆိုခြင်းမတိုင်မီ အချိန်များစွာ မရှိသောသူများ အောင်မြင်ရန် လိုအပ်သော အရေးကြီးအချက်အလက်များ၊ ဥာဏ်စမ်းများဖြင့် စာမေးပွဲဖြေသည့်အခါ ယုံကြည်ချက်ရစေရန် ကူညီပေးမည်ဖြစ်သည်။ သင်တန်းကာလသည် ငါးပတ်ကြာ၍ စုစုပေါင်း စာသင်ချိန် နာရီ ၃ဝ ရှိပါသည်။ IELTS Express သင်တန်းအား သင်တန်းကာလတစ်ခုတွင် နှစ်ကြိမ်ဖွင့်ပေးပြီး တစ်နှစ်လျှင် ခြောက်ကြိမ်ဖွင့်လှစ်ပါသည်။
Course information
-
Level များ
Upper-Intermediate and above (IELTS Academic)
Intermediate and above (IELTS Express) -
သင်တန်းကြာချိန်
IELTS Academic သင်တန်း - ၁၀ ပတ်တွင် စာသင်ချိန် စုစုပေါင်း နာရီ ၆၀
IELTS Express သင်တန်း - ၅ ပတ်တွင် စာသင်ချိန် စုစုပေါင်း နာရီ ၃၀ -
သင်တန်းတက်ရောက်လိုလျှင်
ကိုယ်တိုင် လာရောက်၍၎င်း၊ ဖုန်းခေါ်ဆို၍၎င်း ဝင်ခွင့်စာမေးပွဲဖြေဆိုရန် စာရင်းပေးပါ
-
သင်တန်းကြေး
IELTS Academic သင်တန်း - ကျပ် ၄၈၅,ဝဝဝ
IELTS Express သင်တန်း - ကျပ် ၂၆၅,ဝဝဝ