Back to top

News

IELTS သည် အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်မှုနှင့် အဆင့်မြင့် ပညာရေး အတွက် အင်္ဂလိပ်ဘာသာစကား စစ်ဆေးမှုအဖြစ် ခိုင်မာစွာ ဦးဆောင်ရပ်တည်လျှက်ရှိခြင်း

Date: March 2017


IELTS သည် အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်မှုနှင့် အဆင့်မြင့် ပညာရေး  အတွက် အင်္ဂလိပ်ဘာသာစကား စစ်ဆေးမှုအဖြစ် ခိုင်မာစွာ ဦးဆောင်ရပ်တည်လျှက်ရှိခြင်း

IELTS (နိုင်ငံတကာအင်္ဂလိပ်ဘာသာစကားစွမ်းရည်စစ်ဆေးမှုစနစ်) ကိုလက်ခံသည့် အဖွဲ့အစည်းများအရေအတွက် ၁၀,၀၀၀ ရှိသွားပြီဖြစ်ပြီး ပညာရေးနှင့် ကမ္ဘာအနှံ့ပြောင်းရွှေ့နေထိုင်မှု ရည်ရွယ်ချက်များ အတွက် ကမ္ဘာ့ဦးဆောင် အင်္ဂလိပ်ဘာသာစကား စွမ်းရည်စစ်ဆေးမှုအဖြစ် အခိုင်အမာရပ်တည်လျှက်ရှိပါသည်။

ကမ္ဘာ့အသိအမှတ်ပြုခြင်းသည် IELTSကို ဖြေဆိုသူအရေအတွက် တိုးမြင့်လာရခြင်း၏ အကြောင်း ပြချက် များစွာထဲမှ တစ်ခုဖြစ်ကာ ၂၀၁၆ခုနှစ်တွင် စာမေးပွဲပေါင်း ၂.၉သန်း ကျင်းပစစ်ဆေးခဲ့သည်။

IELTS ကို တက္ကသိုလ်များ၊ ကျောင်းများ၊ အလုပ်ရှင်များ၊ လူဝန်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် ကျွမ်းကျင်အဖွဲ့ အစည်းများ အပါအ၀င် အသိအမှတ်ပြုအဖွဲ့အစည်းများ ပိုမိုများပြားလာခြင်းသည် ၄င်းအဖွဲ့အစည်းများ၏ IELTS စာမေးပွဲရလဒ်အပေါ် ၌ မည်မျှအားထားယုံကြည် တန်ဖိုးထားကြကြောင်း ဖော်ပြနေခြင်းပင်ဖြစ်သည်။ တစ်နည်း အားဖြင့်  IELTS စာမေးပွဲရလဒ် များသည် စာမေးပွဲဖြေဆိုသူများ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုကို လုံခြုံစိတ်ချစွာ၊ စစ်မှန်စွာဖြင့် ဖော်ပြနေခြင်း ကြောင့်သာဖြစ်သည်။

ဗြိတိသျှကောင်စီရှိ IELTS စစ်ဆေးမှုအကြီးအကဲ James Shipton က "IELTS အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ customer များ၏ လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းစေနိုင်ရန်အလို့ငှာ IELTS ပါတနာ ၃ဦးသည် ကမ္ဘာ့ဦးဆောင်ကျွမ်းကျင်မှုဖြင့် မေးခွန်းပြုစုမှု ၊ စာမေးပွဲစစ်ဆေးမှုနှင့် စပ်လျဉ်းသည့် အစဉ်အမြဲမြင့်မားနေသော စံချိန်စံညွှန်းများကို ချမှတ်ဆောင်ရွက်လျှက်ရှိသည်" ဟုပြောကြားခဲ့သည်။

IDP IELTS Australia ၏ မန်နေးဂျင်းဒါရိုက်တာ Warwick Freeland က "ကမ္ဘာအနှံ့ရှိ ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ဘ၀တလျှောက် သင်ယူလေ့လာမှု၊ အသက်မွေးဝမ်းကြောင်းပညာရပ်နှင့် နိုင်ငံရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော်ရာတွင် ကူညီပေးနိုင်ရန် IELTSကို ဖြေဆိုရန် ရွေးချယ်လျက်ရှိကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ customer များ၏ အတွေ့ အကြုံများကို ဆက်လက်၍ မြှင့်တင်ပေးရန် ကတိက၀တ်ပြုထားပြီး၊ အထူးသဖြင့် IELTS ကို၎င်းတို့ဘ၀၏ ထူးခြားသော အချိုးအကွေ့များတွင် ဖြေဆိုမှု များသောကြောင့်လည်း ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

IELTS ကို ဗြိတိသျှကောင်စီ ၊ IDP: IELTS Australia နှင့် Cambridge English Language Assessment တို့ကပူးတွဲပိုင်ဆိုင်သည် ။