Back to top

News

Important notice

Date: June 2017

IELTS စာမေးပွဲ ဖြေဆိုရန် အလားအလာရှိသူများကို IELTS စာမေးပွဲဖြေဆိုမှုမှတ်တမ်း (IELTS Test Report Form)များအား ရောင်းချရန် ကမ်းလှမ်းသည့် အွန်လိုင်းမှကြော်ငြာများ အရှေ့အာရှတစ်ဝိုက်တွင် တိုးပွားလာနေခြင်းကို ဗြိတိသျှကောင်စီအနေနှင့် ယခုတလော တွေ့မြင် လာနေရပါ သည်။ ဤအောင်လက်မှတ်အထောက်အထားများကို မကြာခဏပင် "တရားဝင်'' ''မူရင်း'' ''အစစ် အမှန်'' ''တိကျမှန်ကန်ကြောင်း စစ်ဆေးပြီး'' (သို့) ''IELTS စာမေးပွဲဖြေရန်မလိုသော IELTS အောင်လက်မှတ် များရောင်းရန်ရှိ" စသဖြင့် ကြော်ငြာကြပါသည်။ ဤသို့ရောင်းချရန် ကမ်းလှမ်းချက်များသည် ဖိုရမ်များ၊ လူမှုမီဒီယာများ၊ မျိုးစုံသော ၀က်ဘ်ဆိုဒ်များတွင် ပေါ်လာတတ်သလို အီးမေးလ်နှင့် WhatsApp အက်ပလီကေးရှင်း စသဖြင့်တို့မှတဆင့်လည်း ပို့လာတတ်ပါသည်။

၎င်းတို့သည် အတုအယောင်များ ဖြစ်သည်ကို ကျေးဇူးပြု၍ သိရှိထားပေးပါ။ ထို IELTS စာမေးပွဲဖြေဆိုမှု မှတ်တမ်းမျိုး ၀ယ်ယူရန် ချဉ်းကပ်ခြင်းခံရသည့် မည်သူ့ကိုမဆို ၄င်းပြုလုပ်ချက်မျိုးကို ရဲဆီသို့ ချက်ချင်းသတင်းပို့ပေးရန် ကျွန်ုပ်တို့အနေနှင့် တိုက်တွန်းအပ်ပါသည်။

IELTS စာမေးပွဲဖြေဆိုမှုမှတ်တမ်းကို ရောင်းချရန် ကမ်းလှမ်းခြင်းပြုလုပ်သူ မည်သူမဆိုသည် ပြင်းထန်သော ရာဇ၀တ်မှုတစ်ခု ကျူးလွန်နေ ခြင်းသာဖြစ်ပြီး ထိုအရာများကို ၀ယ်ယူရန် ကြိုးစားနေသော မည်သူမဆိုသည် ၄င်းတို့၏ ငွေကြေးကို ဖြုန်းတီးနေခြင်းသာဖြစ်ပါသည်။ ၎င်းအပြင် အသိအမှတ်ပြုအဖွဲ့အစည်းများနှင့် အနာဂတ်တွင် ရရှိနိုင်မည့် အခွင့်အလမ်းများကို ဆုံးရှုံးစေနိုင်မည်မှာ သိသာ ထင်ရှားလှပါသည်။

ကျွန်ုပ်တို့အနေနှင့် ထပ်လောင်း၍ အလေးထားပြောကြားလိုသည်မှာ IELTS ပါတနာများသည် စာမေးပွဲ၏ လုံခြုံစိတ်ချရမှုအပေါ် အလွန်လေးနက်စွာ စဉ်းစားသည်ဟူသော အချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုံခြုံရေးလုပ်ကိုင်ပုံ အဆင့်ဆင့်တို့သည် အမြဲမပြတ်ပြန်လည်စစ်ဆေးမှုရှိပြီး နောက်ဆုံးအခြေအနေများအထိ ပါဝင်ခေတ်မီနေစေရန် ပြုလုပ်ထားပါသည်။ ဥပဒေချိုးဖောက်သော အပြုအမူမျိုးပြုလုပ်ရန် ကြိုးစားခဲ့ကြောင်း သတင်းပို့ချက်တိုင်းကိုလည်း စုံစမ်းစစ်ဆေးပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် စာမေးပွဲ၏ လုံခြုံစိတ်ချရမှုကို ကာကွယ်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် တရားဥပဒေထိန်းကျောင်းရေးအေဂျင်စီများ အပါအ၀င် ကမ္ဘာ  အနှံ့ရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့ ပါဝင်ပါသည်။