Back to top

IELTS ဖြေဆိုဖို့ စီစဉ်နေပြီလား? ဒါမှမဟုတ် နိုင်ငံရပ်ခြားကူးပြောင်းနေထိုင်ဖို့ နဲ့ ပညာသင်ကြားဖို့ အတွက် IELTS အကြောင်းကို အသေးစိတ်သိရှိလိုပါသလား? 

 

ဒါဆို British Council က လစဉ် (၁)လ (၂)ကြိမ် ပြုလုပ်ပေးနေတဲ့ IELTS အကြောင်း သိကောင်းစရာများကို ဆွေးနွေးပေးတဲ့ Webinars ကိုအခမဲ့တက်ရောက် နိုင်ပါတယ်။

 

Webinars မှာဝါရင့်ဆရာများ က IELTS စာမေးပွဲ ပုံစံ ၂ ခုဖြစ်တဲ့ On Computer Vs On Paper ကွာခြားပုံ အကြောင်းကို တစေ့တစောင်းဆွေးနွေးပေးသွားမယ့်အပြင် British Council မှာစာမေးပွဲဖြေဆိုသူတိုင်းအတွက် အခမဲ့ရနိုင်မယ့် Exams Preparation Materials များ အကြောင်းကိုပြောကြားပေးသွားမှာပါ။

 

 

အပိုင်း (၁) : (၁၂) ရက် ဇူလိုင်လ ၂၀၂၄ (သောကြာနေ့) 

 

ဟောပြောမည့်အကြောင်းအရာ - British Council IELTS reveals more about IELTS on computer vs IELTS on paper!

 

IELTS On Paper နဲ့ On Computer စာမေးပွဲရဲ့ မေးခွန်းပုံစံများ၊ စာမေးပွဲဖြေဆိုသူများ အတွက် အကြံဉာဏ်ကောင်းများ နဲ့ ဖြေဆိုပုံနည်းလမ်းများ၊ အထူးသဖြင့် ကွန်ပြူတာ နဲ့ဖြေဆိုရာမှာ  သိထားသင့်တဲ့အချက်များကိုဆွေးနွေးပြောကြားပေးသွားမှာပါ။ ကွန်ပြူတာနဲ့ ဖြေဆိုပုံနည်းလမ်းများကို အဓိကလေ့လာချင်သူများအတွက် ဒီ Webinar ကတော့ သင့်အတွက် အထူး အသုံးဝင်မှာဖြစ်ပါတယ်။ 

 

 

အပိုင်း (၂) : (၂၆) ရက် ဇူလိုင်လ ၂၀၂၄ (သောကြာနေ့)

 

ဟောပြောမည့်အကြောင်းအရာ - Get IELTS ready with IELTS Ready Premium and other free preparation from British Council! 

ဒီ Webinar မှာတော့ British Council က စီစဉ်ပေးထားတဲ့ ဖြေဆိုသူတိုင်း အခမဲ့ ဝင်ရောက်အသုံးပြုလေ့ကျင့်နိုင်မယ့် Exams Preparation Bundle – ‘IELTS Ready Premium’ အကြောင်းကို ပြောကြားပေးသွားမှာပါ။ ‘IELTS Ready Premium’ မှာပါဝင်တဲ့ Practice Test နဲ့ စံပြအဖြေပုံစံများ၊ IELTS experts များရဲ့ ဆီက တိုက်ရိုက်ရယူနိုင်မယ့် Feedback platform အကြောင်းများ၊ Online Course ဗွီဒီယိုများ၊ skills masters classes အကြောင်းများကို ပြောပြပေးသွားမှာပါ။

 

 

 

 ဒါ့အပြင် အထူးအခွင့်အရေးအနေနဲ့  ‘YouShare WeGuide’ အစီအစဉ်မှာ သင် လေ့ကျင့်ရေးသားထားတဲ့ IELTS Writing Essay တစ်ပုဒ်ကို တင်ပြနိုင်မှာဖြစ်ပြီး ပြောကြားပေးမယ့် ဆရာများ က Essay တစ်ခု ရွေးချယ် ကာ ရေးသားနည်းအကြံဉာဏ်များကို တိုက်ရိုက်ပေးသွားမှာပါ။

 

ရေးသားထားတဲ့ Essay ကို တင်ပြရန် https://forms.office.com/r/TMrsSK8V31 သို့ ဝင်ရောက်နိုင်ပါတယ်။ 

To attend the webinars, please register in advance.

Register now