Back to top

ကနေဒါနိုင်ငံရှိ တက္ကသိုလ်များ၌ လိုအပ်သည့် IELTSအမှတ်များ

၂ဝ၁၈ ကနေဒါ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂ဝဝ ၏ IELTS လိုအပ်ချက်များ

ဤ အဆင့် သတ်မှတ်ချက်များကို ၂ဝ၁၈ Times Higher Education World University Rankings နှင့် QS World University Rankings မှရယူထားပါသည်။

Times Higher Education World University Rankings ၂ဝ၁၈

Name of institution

World rank

IELTS minimum requirement (undergraduate programmes)

IELTS minimum requirement (postgraduate programmes)

University of Toronto

21

6.5

7.0

University of British Columbia

37

6.5

6.5

McGill University

44

6.5

6.5

McMaster University

77

6.5

6.5

University of Montreal

90

Contact institution

Contact institution

University of Alberta

132

6.5

6.5

QS World University Rankings ၂ဝ၁၈

Name of institution

World rank

IELTS minimum requirement (undergraduate programmes)

IELTS minimum requirement (postgraduate programmes)

University of Toronto

28

6.5

7.0

McGill University

33

6.5

6.5

University of British Columbia

47

6.5

6.5

University of Alberta

109

6.5

6.5

McMaster University

146

6.5

6.5

University of Montreal

14

Contact institution

Contact institution

University of Waterloo

163

7.0

7.0

 

ကနေဒါနိုင်ငံအတွက် Study Permit

များသောအားဖြင့် ကနေဒါတွင် ပညာသင်ကြားလိုသော နိုင်ငံတကာကျောင်းသားများသည် study permit (လာရောက်ပညာသင်ကြားလေ့လာခွင့်ပါမစ်)ကို ရရှိထားရမည်ဖြစ်သည်။ Study permitကို လျှောက်ထားမှု မပြုမီ အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးကြည့်ပါ။

သင်သည် 

  • ကနေဒါနိုင်ငံရှိ အသိအမှတ်ပြုခံထားရသော သင်ကြားရေးအဖွဲ့အစည်းထံမှ လက်ခံထားဖူး ခြင်း ရှိရမည်။
  • သင်သည် အောက်ပါတို့ကို ပေးချေနိုင်ရန် လုံလောက်သောငွေပမာဏ ရှိကြောင်း သက်သေပြနိုင်ရမည်။
    • ကျူရှင်စရိတ်
    • ကနေဒါနိုင်ငံတွင် သင်နှင့် သင့်အားအဖော်ပြုနေထိုင်မည့် မိသားစုဝင်များအတွက် ကျသင့်မည့် နေထိုင်စရိတ်
    • သင်နှင့် သင့်အားအဖော်ပြုနေထိုင်မည့် မိသားစုဝင်များအတွက် မိမိနိုင်ငံသို့ ပြန် မည့် သွားလာရေးစရိတ်
  • ပြစ်မှုမှတ်တမ်းမရှိဘဲ ဥပဒေကို ကောင်းစွာလိုက်နာသော နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ကနေဒါနိုင်ငံ၏ လုံခြုံရေးကို အန္တရာယ်ဖြစ်နိုင်ချေ မရှိသူဖြစ်ရမည်။ ဤအချက်ကိုသက်သေ ပြနိုင်မည့် ရဲထောက်ခံစာပြသရန် လိုအပ်နိုင်သည်။
  • ကျန်းမာရေးကောင်းရမည်ဖြစ်ပြီး လိုအပ်လျှင် ဆေးစစ်မှု ပြုလုပ်ရမည်။
  • သင့်အားနေထိုင်ရန်တရားဝင်ခွင့်ပြုထားသောကာလအကုန်တွင် ကနေဒါနိုင်ငံမှ ထွက်ခွာ မည်ကို လူဝန်မှုကြီးကြပ်ရေးအရာရှိက လက်ခံရပါမည်။

သင်၏လျှောက်ထားမှုအတွက် လိုအပ်သောအချိန်သည် ဗီဇာရုံးများအပေါ်မူတည်၍ ကွာခြားနိုင်သည်။ ထို့ကြောင့် သင်၏ ကျောင်းဝင်ရန်ခွင့်ပြုစာကို ရရှိသည်နှင့် တပြိုင်နက် study permitကို လျှောက်ထားရန် အကြံပြုလိုပါသည်။

အဘယ့်ကြောင့် ကနေဒါနိုင်ငံတွင်ပညာသင်ကြားလိုသူများ၏ IELTSအား ရွေးချယ်မှုနှုန်းသည် မြင့်တက် လာရသနည်း?

(၁) သင်၏ ဆက်သွယ်ပြောဆိုနိုင်မှုစွမ်းရည်ကို မျက်နှာချင်းဆိုင် Speakingစစ်ဆေးမှုဖြင့် သရုပ်ပြပါ။

Speakingစစ်ဆေးမှုအတောအတွင်း စက်ဖြင့်စကားပြောဆိုရန်လိုအပ်သော အခြားဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးရေးစာမေးပွဲများနှင့် မတူညီစွာ IELTS စာမေးပွဲသည် သက်သောင့်သက်သာရှိကာ ပံ့ပိုးပေးမှုမြင့်မားသော ပတ်ဝန်းကျင်တွင် သင့်အား စာမေးပွဲစစ်ဆေးသူနှင့် မျက်နှာချင်းဆိုင် စကားပြောနိုင်သည့် အခွင့်အရေးကို ပေးစွမ်းပါသည်။

(၂) သင်၏လေ့လာမှုများနှင့် ကျောင်းသားဘ၀နှင့် သက်ဆိုင်စပ်ဆက်သော အရည်အသွေးများကို ပျိုးထောင်ပါ။

IELTSသည် တကယ့်လက်တွေ့အခြေအနေတွင် သင်၏ ဆက်သွယ်ပြောဆိုနိုင်မှုအရည်အသွေးကို အလေးထား ပါသည်။ မလိုအပ်သော ဝေါဟာရများနှင့် သဒ္ဒါများစွာကို အလွတ်ကျက်ထားရန် မလိုအပ်ပါ။ IELTSတွင် သင်ယူမှုဆိုင်ရာပတ်ဝန်းကျင်များ၌ သင်ကြုံတွေ့ရနိုင်သည့် အခြေအနေများစွာတွင် မည်သို့ ဆက်သွယ်ပြော ဆိုရမည်ကို သင်ယူနိုင်သည်များ ပါရှိပါသည်။ ဤအချက်သည် သင့်အား သင်၏လေ့လာမှုများနှင့် ကျောင်းသားဘ၀တွင် ရရှိနိုင်၊ဖြစ်နိုင်သော အလားအလာများကို ပြည့်ဝစွာ ရရှိနိုင်ရန် မြှင့်တင်ပေးပါ သည်။