Back to top

ကနေဒါ သို့သွားရောက်ရန်အတွက် IELTS

 

ကနေဒါတွင်ပညာဆည်းပူးခြင်း

ကနေဒါ နိုင်ငံတွင် ပညာသင်ယူလေ့လာလိုပါသလား။ IELTSက သင့်ကို ကူညီပေးနိုင်ပါသည်။ IELTSကို ကနေဒါနိုင်ငံ၏ နိုင်ငံသားဖြစ်မှုနှင့် လူဝန်မှုကြီးကြပ်ရေးဌာန (CIC)က အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု၏ သက်သေတစ်ခုအဖြစ် လက်ခံပါသည်။ ကနေဒါနိုင်ငံတွင် ဘွဲ့ကြို သို့မဟုတ် ဘွဲ့လွန်အဆင့်အတွက် ပညာသင် ကြားရန်လျှောက်ထားမည်ဆိုလျှင် သင့်လျှောက်ထားမှု၏တစိတ်တပိုင်းအဖြစ် IELTSရလဒ်ကို တင်ပြရန် လိုအပ်နိုင်သည်။

လိုအပ်သော score များနှင့် အသုံးဝင်သောအချက်အလက်များ 

"IELTS is easier to access than many other language proficiency tests and is well-recognised by most universities."

Tina Lok Sun Ko, Ying Wa Girls' School, IELTS score 8

IELTS လမ်းညွှန် ဒေါင်းလုတ်လုပ်ရန် - ကနေဒါ


 

ကနေဒါနိုင်ငံတွင် အလုပ်လုပ်ကိုင်ခြင်း

ကနေဒါနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် စီစဉ်ထားလျှင် သင်၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှု ကို သက်သေပြနိုင်ရန် ဘာသာစကားဆိုင်ရာစစ်ဆေးမှုစာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။ သင် သည် ကနေဒါနိုင်ငံတွင် အလုပ်ဗီဇာ၊ ပရော်ဖက်ရှင်နယ်ဆိုင်ရာမှတ်ပုံတင်စာရင်းသွင်းမှု သို့မဟုတ် အမြဲအခြေချနေထိုင်ခွင့်အတွက် လျှောက်ထားမည်ဆိုလျှင် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဌာန ကနေဒါနိုင်ငံ (CIC)၏ လိုအပ်ချက်များကို IELTS General Trainingစာမေးပွဲက ပြေလည်စေပါမည်။

Canadian Language Benchmarks (CLB)သည် ကနေဒါနိုင်ငံတွင် နေထိုင်ရန် သို့မဟုတ် အလုပ်လုပ် ကိုင်ရန် ရည်ရွယ်သော prospective immigrants (နောင်တစ်ချိန်တွင် နိုင်ငံတွင်းဝင်ရောက် ရွှေ့ပြောင်း သွားလာနေထိုင်လာသည့် အလားအလာရှိသူများ)၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုကို ဖော်ပြ သော၊ တိုင်းတာသော၊ အသိအမှတ်ပြုပေးသော ကနေဒါနိုင်ငံတွင် အသုံးပြုသည့် နိုင်ငံတွင်း အဆင့်သတ်မှတ်ချက်များဖြစ်သည်။ ဗီဇာလျှောက်ထားရန်ရည်ရွယ်ချက်များအတွက် မည်သည့် CLB အဆင့်များ ရရှိထားရန် လိုအပ်သည်ကို CICတွင် ရှာဖွေသိရှိနိုင်ပါသည်။

သင်၏ IELTS စစ်ဆေးမှုရလဒ်သည် CLBအဆင့်သတ်မှတ်ချက်များအတွင်းတွင်ဖော်ပြထားသော သင်၏အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်ကို ဆိုလိုပါသည်။ အောက်ပါဇယားတွင် IELTS အမှတ်များ နှင့် ကိုက်ညီသော CLBအဆင့်သတ်မှတ်ချက်များကို ဖော်ပြထားသည်။

CLB အဆင့် IELTS စာဖတ် စွမ်းရည် IELTS အရေး စွမ်းရည် IELTS အကြား စွမ်းရည် IELTS အပြော စွမ်းရည်
၁၀ ၈.၀ ၇.၅ ၈.၅ ၇.၅
၇.၀ ၇.၀ ၈.၀ ၇.ဝ
၆.၅ ၆.၅ ၇.၅ ၆.၅
၆.၀  ၆.၀ ၆.၀ ၆.ဝ
၅.၀ ၅.၅ ၅.၅ ၅.၅
၎.၀ ၅.၀ ၅.၀ ၅.ဝ
၃.၅ ၄.၀ ၄.၅ ၄.ဝ

 

ကနေဒါနိုင်ငံသို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း

သင်သည် ကနေဒါနိုင်ငံတွင် အလုပ်ဗီဇာ၊ ပရော်ဖက်ရှင်နယ် အသိအမှတ်ပြုမှု သို့မဟုတ် အမြဲ အခြေချနေထိုင်ခွင့်အတွက် လျှောက်ထားမည်ဆိုလျှင် ဗီဇာလျှောက်ထားမှု၏ တစိတ်တပိုင်း အဖြစ် သင်၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုအား အထောက်အထားဖြင့် ဖော်ပြနိုင် ရန် လိုအပ်သည်။

IELTSအထွေထွေလေ့ကျင့်သင်တန်းပေးမှုသည် နိုင်ငံသားဖြစ်မှုနှင့် လူဝန်မှုကြီးကြပ်ရေးဌာန ကနေဒါနိုင်ငံ (CIC) က ကနေဒါနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းသွားလာနေထိုင်မှုအတွက် လက်ခံ သော နိုင်ငံတကာတွင် ရရှိဖြေဆိုနိုင်သည့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှု စစ်ဆေးရေး စာမေးပွဲဖြစ်ပါသည်။ စစ်ဆေးမှုတွင် သင်၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုကို skill၄မျိုးဖြစ်သော စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အကြားစွမ်းရည် (listening) နှင့် အပြောစွမ်းရည် (speaking) တို့ကို အမှတ် ၀ မှ ၉ အထိပေးကာ သတ်မှတ်အကဲဖြတ်ပေးပါ သည်။ သင်သည် အဆိုပါ စွမ်းရည်များအားလုံးတွင် ကနေဒါဘာသာစကား အဆင့် သတ်မှတ်ချက်အဖွဲ့ (Canadian Language Benchmark - CLB) က လက်ခံ သတ်မှတ်ထားသော အဆင့်တစ်ခုကို ရရှိရန် လိုအပ်သည်။

သင့်ဗီဇာလျှောက်ထားမှုကို ဆက်လက်ဆောင်ရွက်နိုင်ရန် IELTSရမှတ်များအား လျှောက်ထားမှု၏ တစိတ်တဒေသအဖြစ် လိုအပ်ပါမည်။

သင်စိတ်ဝင်စားနိုင်သော အကြောင်းအရာများမှာ

IELTS နှင့် GMAT ဖြေဆိုမည့်သူများအတွက် အထူးပရိုမိုးရှင်း

IELTS နှင့် GMAT ဖြေဆိုမည့်သူများအတွက် အထူးပရိုမိုးရှင်း

ပိုမိုဖတ်ရှုရန်

ပြင်ဆင်ခြင်း

စာမေးပွဲအတွက်ပြင်ဆင်ရန် အွန်လိုင်း နှင့် အော့ဖ်လိုင်း ရင်းမြစ်များ
ပိုမိုဖတ်ရှုရန်