Back to top

အခြားနိုင်ငံများအတွက် IELTS

 

အခြားနိုင်ငံများတွင်ပညာဆည်းပူးခြင်း

ပြည်ပကိုပညာသင်သွားဖို့ စီစဉ်ရာမှာ ထည့်စဉ်းစားရမယ့်အချက်တွေရှိပါတယ်။ ယဉ်ကျေးမှု၊ ဘာသာစကား၊ သင်တန်းကြေးပမာဏ၊ နေထိုင်စရိတ်အစုစု နဲ့ သင်တန်းပြီးဆုံးဘွဲ့ရတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းကောင်း၊ မကောင်း စတာတွေဟာ ထည့်စဉ်းစားသင့်တဲ့ထဲက အချက်တစ်ချို့ဖြစ်ပါတယ်။ 

ကိုယ်ရွေးထားတဲ့တက္ကသိုလ်က နာမည်ကြီးဟုတ်၊ မဟုတ်ဆိုတာကလဲ အရေးပါတဲ့အချက်ပါ။

နာမည်ကျော်ကျောင်း တော်တော်များများဟာ အင်္ဂလိပ်စာကို သင်ကြားရေးဘာသာစကားအဖြစ် သုံးကြပါတယ်။ ဒီလိုနာမည်ရှိတဲ့ကျောင်းတွေထဲကတစ်ခုမှာပညာသင်ဖို့ သင်စိတ်ပိုင်းဖြတ်လိုက်ပြီးပြီဆိုရင်တော့ နိုင်ငံတကာသုံးအင်္ဂလိပ်စာစစ်ဆေးမှုစနစ်(IELTS)က သင့်ကို ကျောင်းအရောက်ပို့ပေးနိုင်ပါတယ်။ အဆင့်မြင့်ပညာသင်ကြားဖို့၊ ကမ္ဘာတစ်လွှားပြောင်းရွှေ့နေထိုင်အလုပ်လုပ်ဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့ပတ်သက်လာရင် IELTSစာမေးပွဲဟာ ကမ္ဘာ့လူကြိုက်အများဆုံး၊ ဖြေဆိုသူအများဆုံးစာမေးပွဲပါ။ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ အဖွဲ့အစည်းစုစုပေါင်း ၁ဝ,ဝဝဝ ကျော်က အသိအမှတ်ပြုလက်ခံထားတဲ့စာမေးပွဲလဲ ဖြစ်ပါတယ်။

အောက်မှာပြထားတဲ့ ရှာဖွေခေါင်းစဉ်လေးတွေသုံးပြီး ကိုယ်သွားဖို့စိတ်သန်နေတဲ့ကျောင်းက IELTSရလာဒ် ဘယ်လောက်တောင်းလဲဆိုတာကို ရှာကြည့်လိုက်ပါ။ ရှာဖွေရာမှာ အဓိကစကားရပ်တစ်ခု သို့မဟုတ် အဖွဲ့အစည်းအမျိုးအစား သို့မဟုတ် နိုင်ငံအမည် သို့မဟုတ် ပြည်နယ်အမည် သို့မဟုတ် မြို့အမည်ကို ထည့်သွင်းခြင်းအားဖြင့် IELTSစာမေးပွဲရလာဒ်ကိုလက်ခံတဲ့ ကျောင်းတွေဌာနတွေကို တွေ့ရှိမှာဖြစ်ပါတယ်။

"Taking IELTS with British Council was convenient."

Shelemaine Respicio, UST HOSPITAL, IELTS score 7.5

သင်စိတ်ဝင်စားနိုင်သော အကြောင်းအရာများမှာ

IELTS Prize ပညာသင်ဆု

ဗြိတိသျှကောင်စီ၏ IELTS Prize ပညာသင်ဆုများကို အရည်အချင်းမြင့်မား၍ မိမိအလုပ်ကို တိုးတက်မှုရှိစေလိုသော ဆန္ဒရှိပြီး ပြည်တွင်း (သို့) ပြည်ပမှ ရရှိလာခဲ့သော ဘွဲ့ရ/ဘွဲ့လွန်သင်တန်းများမှ အတွေ့အကြုံများဖြင့် မိမိလူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းကို အကျိုးပြုလိုသည့် အလားအလာရှိသော ပုဂ္ဂိုလ်များကို ချီးမြှင့်ခဲ့ပါသည်။
ပိုမိုဖတ်ရှုရန်

ပြင်ဆင်ခြင်း

စာမေးပွဲအတွက်ပြင်ဆင်ရန် အွန်လိုင်း နှင့် အော့ဖ်လိုင်း ရင်းမြစ်များ
ပိုမိုဖတ်ရှုရန်