Back to top

ဘွဲ့ရပြီးသူတို့အတွက် ပြောင်းရွှေ့နေထိုင်ရန် လမ်းကြောင်းသစ် - UK မှာ အလုပ်လုပ်ဖို့အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပါ။

Date: October 2019

ဘွဲ့ရပြီးသူတို့အတွက် ပြောင်းရွှေ့နေထိုင်ရန်လမ်းကြောင်းသစ် - UKမှာအလုပ်လုပ်ဖို့အိပ်မက်ကိုအကောင်အထည်ဖော်လိုက်ပါ။

၂၀၁၉ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတကာ‌ကျောင်းသူ/သားများ သက်ဆိုင်ရာကျောင်းများမှ ဘွဲ့ရပြီးသည့်နောက်ပိုင်း UKတွင် ၂နှစ်တာ‌‌ နေထိုင်အလုပ်လုပ်နိုင်မည့် ပြောင်း‌ရွှေ့အခြေချရေးလမ်းကြောင်းသစ်တစ်ခုကို UK အစိုးရမှမိတ်ဆက်‌ ‌ပေးခဲ့ပါသည်။ 

ဤလမ်းကြောင်းသစ်ကို အပြည့်အဝအသုံးချနိုင်ရန် ဗြိတိသျှကောင်စီမှာ IELTS စာမေးပွဲအတွက်ပြင်ဆင်ပြီးဖြေဆိုလိုက်ပါ။ IELTS စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်နိုင်ရန် ဗြိတိသျှကောင်စီမှ အဆင့်မြင့်ဝန်ဆောင်မှုများ၊ စာမေးပွဲအတွက်ပြင်ဆင်ရေး အွန်လိုင်းအရင်းအမြစ်နှင့် အထောက်အကူများပေးလျှက်ရှိပြီး ထိုသို့အောင်မြင်မှလည်း UK ဗီဇာအဆင့်-၄ ရရှိကာ နိုင်ငံခြားတွင်ပညာသင်၊ အလုပ်လုပ်ဖို့ သင့်အိပ်မက်လည်း နီးစပ်လာပါမည်။

ဘွဲ့ရပြီးပြောင်းရွှေ့နေထိုင်ရန်လမ်းကြောင်းသစ် မည်သည့်အချိန်တွင် အသက်ဝင်ပါမည်နည်း။ 

UK နိုင်ငံသို့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် လာရောက်လျှင် ဤလမ်းကြောင်းတွင် အကျူံးဝင်ပါမည်။ 

ဤလမ်းကြောင်းဖြင့် မည်သည့်ကျောင်းတွင်မဆို ပညာသင်ကြားနိုင်ပါသလား။

ဤလမ်းကြောင်းအရ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောင်းရွှေ့နေထိုင်မှုစည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်သည့်  ကျောင်းတွင် ပညာသင်ကြားရပါမည်။ လိုင်စင်ရကျောင်းစာရင်းကို UK အစိုးရဝက်ဆိုက် -  www.gov.uk/government/publications/register-of-licensed-sponsors-students မှာဝင်ရောက်ကြည့်ရှုပါ။ 

ဘွဲ့ရပြီးပြီးချင်း အလုပ်မရလျှင်မည်သို့ဖြစ်နိုင်ပါမည်နည်း။ 

လမ်းကြောင်းသစ်အရ နှစ်နှစ်အတွင်း အလုပ်လုပ်ခြင်း၊ အလုပ်ရှာခြင်းများ ပြုလုပ်နိုင်ပါသည်။ ဘွဲ့ရပြီးနောက်မည်သည့် အလုပ်ရမည်မှန်း မသိသေးလျှင်လည်း အလုပ်ရှာဖို့ အချိန်အတော်အတန်ရပါမည်။ 

ဘွဲ့ရပြီးနှစ်နှစ်အတွင်း အလုပ်ပြောင်းနိုင်ပါသလား။ 

ပြောင်းနိုင်ပါသည်။ သင့်ကျွမ်းကျင်မှုနှင့် ပိုမိုကိုက်ညီသည့် အလုပ်ရှာတွေ့လျှင် ပြောင်းလဲလုပ်ကိုင်နိုင်ပါသည်။ 

မိမိလေ့လာသည့်နယ်ပယ်နှင့် ဆက်နွယ်သည့်အလုပ်ကိုသာ ရှာဖွေလုပ်ကိုင်ရမှာပါလား။ 

မလိုပါ။ မိမိလေ့လာသည့်နယ်ပယ်နှင့် တိုက်ရိုက်ဆက်နွယ်မှုမရှိသည့်အလုပ်များ စတင်ရှာဖွေလုပ်ကိုင်ရင်း ထို့နောက်  မိမိကျွမ်းကျင်မှုနှင့် ကိုက်ညီသည့် လုပ်ငန်းအဆက်အသွယ်များ ရှာဖွေရယူနိုင်ပါသည်။  

ဘွဲ့ကြိုသင်တန်းပြီးသူများအတွက်သာ အကျူံးဝင်ပါသလား။ 

ဘွဲ့ကြိုသင်တန်းသာမက ဒီဂရီတစ်ခုနှင့်အထက်ရပြီးသည့် နိုင်ငံတကာကျောင်းသူ/သားတိုင်းအတွက် လမ်းကြောင်းဖွင့် ထားပါသည်။ 

ဘွဲ့ရပြောင်းရွှေ့နေထိုင်မှုလမ်းကြောင်းအတွက်လျှောက်ထားပြီး စရိတ်ကျခံရမှာပါလား။ 

(စရိတ်ပေးပြီး) ‌လျှောက်လွှာဖြည့်ကာ လူဝင်မှုကြီးကြပ်ရေးဌာန ကျန်းမာရေးအပိုစရိတ်ကိုလည်း ပေး‌ဆောင်ရပါမည်။  ‌ပေးဆောင်ရမည့် စရိတ်ကို မကြာမီတွင် ကြေညာပေးပါမည်။ 

ဘွဲ့ရပြောင်းရွှေ့နေထိုင်မှုလမ်းကြောင်းကို သက်တမ်းတိုးနိုင်ပါသလား။ 

သက်တမ်းမတိုးနိုင်ပါ။ အခြေချနေထိုင်မှုအတွက်လည်း ထည့်မတွက်ပါ။ သို့ရာတွင် ခွင့်ပြုချိန် နှစ်နှစ်အတွင်း သင့်တော်သည့် အလုပ်တစ်ခုရပြီး ပြည်ထဲရေးဝန်ကြီးဌာနသတ်မှတ်ချက်နှင့်လည်း ကိုက်ညီလျှင် အခြေချနေထိုင်ရန် ဆက်လက် ‌ဆောင်ရွက်နိုင်ပါပြီ။

အစီအစဉ်သစ်ကို အကျိုးရှိရှိအသုံးချလိုပါသလား။ ဗြိတိသျှကောင်စီမှာ IELTS ဖြေဆိုပြီး သင့်ရဲ့ပထမခြေလှမ်းသစ်ကို စတင်လိုက်ပါ။

UKVI အတွက် IELTS စာမေးပွဲဖြေဆိုဖို့ ဒီနေ့ပဲ စာရင်းပေးလိုက်ပါ။