Back to top

ကမ္ဘာအနှံ့ရှိ အဖွဲ့အစည်းပေါင်း ၁၁,၀၀၀ ကျော်မှ IELTS အားအသိအမှတ်ပြု

ကမ္ဘာ့ဦးဆောင် အင်္ဂလိပ်စာမေးပွဲအတွက် မှတ်ကျောက်သစ်

Date: July 2021

ပညာရေး၊ အလုပ်အကိုင် နှင့် ရွှေ့ပြောင်းနေထိုင်မှုအတွက် အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးရာတွင် ကမ္ဘာ့ဦးဆောင်သူဖြစ်သည့် IELTS သည် ယခုလတွင်အဖွဲ့အစည်းပေါင်း ၁၁,၀၀၀ သည်၎င်း၏ရလဒ်များကို အသိအမှတ်ပြုလက်ခံရန် လက်မှတ်ထိုးထားပြီးဖြစ်ကြောင်း အောင်မြင်မှုမှတ်ကျောက်တစ်ခု ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ဤမှတ်တိုင်သည် ကမ္ဘာအနှံ့ရှိလူများ၏ အပြည်ပြည်ဆိုင်ရာခရီးသွားခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် လေ့လာခြင်းဆိုင်ရာအစီအစဉ်များ ပြန်လည်အသက်ဝင်သည်နှင့် တိုက်ဆိုင်လျက်ရှိပါသည်။

Cambridge Assessment English မှမန်နေဂျင်းဒါရိုက်တာ Christine Nuttall က IELTS ကိုယုံကြည်သော အဖွဲ့အစည်းများ များပြားချင်းသည် ကမ္ဘာ့အဆင့်မီအရည်အသွေးနှင့် ဂုဏ်သိက္ခာကို သက်သေပြနိုင်ကြောင်းပြောကြားခဲ့သည်။

“ကမ္ဘာအနှံ့မှာလူတွေဟာ သူတို့ယုံကြည်စိတ်ချနိုင်တဲ့ ပညာရေး၊ လေ့လာမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် တံခါးတွေဖွင့်ပေးမယ့် စာမေးပွဲတစ်ခုကိုရှာနေကြတာဖြစ်တယ်” ဟု Ms Nuttall မှပြောကြားခဲ့သည်။

“ဒါဟာ IELTS ရဲ့အဓိကအချက်တွေပါပဲ။ ကျွန်မတို့ဟာ ဘာသာစကားစမ်းသပ်မှုမှာ နှစ်ပေါင်း(၃၀)ကျော် ခေါင်းဆောင်များဖြစ်ခဲ့ပြီး ရွှေစံနှုန်းအလား ပြိုင်ဖက်မရှိပါဘူး။”

"မကြာသေးမီနှစ်များအတွင်းမှာ တန်ဖိုးနည်းအွန်လိုင်းစမ်းသပ်မှုများ ပေါ်ထွက်လာသော်လည်း IELTS ရဲ့ လုံခြုံရေး၊ သမာဓိနဲ့ အရည်အသွေးကို လိုက်မမှီသေးပါဘူး" ဟုပြောကြားခဲ့ပါတယ်။

Ms Nuttall သည် IELTS ၏ ဖြေဆိုသူဗဟိုပြုအရည်အသွေးများသည် ကပ်ရောဂါဖြစ်ပွားနေသောကာလ တစ်လျှောက်လုံးတွင် IELTS partner များမှ ဖြေဆိုသူများအား သူတို့၏ကမ္ဘာ့ရည်မှန်းချက်များနှင့် အဆက်အသွယ်မပြတ်စေရန် ဆန်းသစ်တီထွင်မှုများနှင့်အတူ ပေါ်လွင်ထင်ရှားခဲ့သည် ဟုလည်းပြောကြားခဲ့သည်။

IELTS သည် ရွှေ့ပြောင်းနေထိုင်မှုအတွက် သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နှင့် ယူကေအစိုးရများမှ အသိအမှတ်ပြုသော တစ်ခုတည်းသော စာမေးပွဲဖြစ်သည်။

IELTS သည် British Council, IDP Education နှင့် Cambridge Assessment English တို့မှပူးတွဲပိုင်ဆိုင်သည်။

ပိုမိုသိရှိလိုပါက ielts.org သို့ဝင်ရောက်ကြည့်ရှုပါ။