မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ခြင်း
ဘာသစကားကျွမ်းကျင်မှုသည် ဘ၀အသက်မွေးဝမ်းကျောင်းမှုတွင် အောင်မြင်မှု၏ သော့ချက်ဖြစ်ပါသည်။ အလုပ်ရှင်များစွာသည် သင်၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုစွမ်းရည်နှင့် စပ်လျဉ်းသည့် သက်သေ ခံချက် ကို လိုအပ်ပါသည်။ ထို့ကြောင့် သင့်ကျွမ်းကျင်မှုကို သက်သေပြနိုင်ခြင်းသည် အလုပ်ရှာဖွေခြင်းနှင့် ရာထူးတိုးခြင်းလုပ်ငန်းစဉ် တို့အတွက် အရေးပါသည့် အစိတ်အပိုင်းဖြစ်ပါသည်။
အကောင်းဆုံးနည်းလမ်း မှာ ရင်းနှီးမြှုပ်နှံမှုဘဏ်များ၊ ဥပဒေအကျိုးဆောင်များ၊ စာရင်းအင်း ကုမ္ပဏီများနှင့် အာမခံ ကုမ္ပဏီများ အပါအ၀င်နိုင်ငံစုံအဖွဲ့အစည်းများက အသိအမှတ်ပြုသည့် လူကြိုက်များထင်ရှားသည့် အင်္ဂလိပ် ဘာသာ ကျွမ်းကျင်မှု စာမေးပွဲဖြစ်သည့် IELTS စာမေးပွဲကို ဖြေဆိုခြင်းဖြစ်ပါသည်။