Back to top

IELTS ဆိုတာဘာလဲ။

နိုင်ငံတကာအင်္ဂလိပ်ဘာသာစကားစွမ်းရည်စစ်ဆေးမှုစနစ် (IELTS)သည် အဆင့်မြင့်ပညာရေးနှင့် ကမ္ဘာအနှံ့တွင် နိုင်ငံရွှေ့ပြောင်း  နေထိုင်မှုအတွက် ကမ္ဘာ့လူကြိုက်အများဆုံး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု စစ်ဆေးခြင်း စာမေးပွဲဖြစ်ကာ ယခင်နှစ်က စာမေးပွဲ ပေါင်း ၃.၅သန်း ကျော်ကျင်းပစစ်ဆေးခဲ့သည်။

IELTSစာမေးပွဲကို အဖွဲ့အစည်းပေါင်း ၁၁,ဝဝ၀ကျော်က ယုံကြည်လက်ခံထားပြီး ယင်းတို့တွင် တက္ကသိုလ်များ၊ ပရော်ဖက်ရှင်နယ် အဖွဲ့ အစည်းများ၊ အလုပ်ရှင်များနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ  ပါဝင်သည်။

 

IELTSအမျိုးအစား နှစ်မျိုး 

IELTSသည် အင်္ဂလိပ်ဘာသာစကားကို ဆက်သွယ်ပြောဆို ရေးအတွက် အသုံးပြုသည့် ပတ်ဝန်းကျင်များ တွင် ပညာသင်ကြားလေ့လာလိုသူများ သို့မဟုတ် အလုပ်လုပ်ကိုင်လိုသူများအတွက် ဘာသာစကား ကျွမ်းကျင်မှုကို တိုင်းတာသတ်မှတ်  ပေးသော စစ်ဆေးမှုဖြစ်သည်။

IELTS Academic နှင့် IELTS General Training ဟူ၍ ရွေးချယ်စရာ မော်ဂျူး နှစ်မျိုး ရှိသည်။

IELTS Academic IELTS General Training
  • ဘွဲ့ကြို သို့မဟုတ် ဘွဲ့လွန်အဆင့်တွင် ပညာသင်ကြားလေ့လာရန်။
  • အင်္ဂလိပ်ဘာသာစကားပြောဆိုသော နိုင်ငံတွင် ပရော်ဖက်ရှင်နယ် အဖွဲ့အစည်း သို့မဟုတ် မှတ်ပုံတင်စာရင်းသွင်းမှုကို ဝင်ရောက်ပြုလုပ်ရန်။
  • အင်္ဂလိပ်ဘာသာစကားပြောဆိုသော နိုင်ငံတွင် အလုပ်လုပ်ရန် သို့မဟုတ် အလုပ်နှင့်ဆက်စပ်သော သင်တန်းများတက်ရောက်ရန်။
  • အင်္ဂလိပ်ဘာသာစကားပြောဆိုသော နိုင်ငံအတွင်းသို့ ပြောင်းရွှေ့နေထိုင်ရန်။
  • ဒီဂရီအဆင့်ထက်နိမ့်သော  ပညာရေးဆည်းပူးရန်။ 

အဖွဲ့အစည်းတစ်ခုစီသည် ၎င်းတို့၏ ကိုယ်ပိုင်ဝင်ခွင့်လိုအပ်ချက်များကို သတ်မှတ်ကြသည်။ အချို့ အခြေအနေများတွင် Academic နှင့် General Training နှစ်မျိုးစလုံးကို လက်ခံသည်။ မည်သည့် မော်ဂျူးကို ဖြေဆိုရမည်ကို ဝေခွဲမရပါလျှင် သင်လျှောက်ထားမည့် အဖွဲ့အစည်းကို ဆက်သွယ်ကာ ၎င်းတို့၏ သတ်မှတ်ထားသောလိုအပ်ချက်များကို အတည်ပြုသင့်သည်။

 

UKVI အတွက် IELTS

'IELTS for UKVI' သည် UKအစိုးရ အသိအမှတ်ပြု ထားသော လုံခြုံစိတ်ချရသည့် အင်္ဂလိပ်ဘာသာစကား စစ်ဆေးမှု (SELT)ဖြစ်သည်။ ဆိုလိုသည်မှာ IELTS ကို UK ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလိုအပ်ချက်များ (UKVI) အတွက် လျှောက်ထားရာတွင် သင်၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို သက်သေပြရာတွင် အသုံးပြုနိုင်ခြင်းဖြစ်သည်။

SELTဖြေဆိုရန်လိုအပ်မှုရှိမရှိ၊ မည်သည့် အဆင့်ကို အောင်မြင်ရန် လိုအပ်ကြောင်းနှင့် မည်သည့် စစ်ဆေးမှုကို အသုံးပြုနိုင်ကြောင်း IELTS for UKVI ဆိုသည်မှာအဘယ်နည်း။ တွင်လေ့လာပါ။

 

စစ်ဆေးမှုပုံစံ

အမှန်တကယ် စစ်ဆေးမှုပုံစံသည် IELTS နှင့် IELTS for UKVI အတွက် အတူတူပင်ဖြစ်ကာ တူညီသော အကြောင်းအရာ၊ စစ်ဆေးသူများ၊ ပုံစံ၊ ခက်ခဲမှုအဆင့်၊ အမှတ်ပေးခြင်း စသည်တို့ အတူတူပင်ဖြစ်သည်။ ယင်းနှစ်ခုအကြား တစ်ခုတည်းသော ကွာခြားမှုမှာ UKVIအတွက် IELTSကို ဗွီဒီယိုမှတ်တမ်းတင်ခြင်းနှင့် CCTVအထောက်အကူပစ္စည်းများ တပ်ဆင်အသုံးပြုသည့် စစ်ဆေးရေးဌာနတွင် ကျင်းပပြုလုပ် ခြင်းပင်ဖြစ်သည်။

IELTS ၏ Listening၊ Reading နှင့် Writing စစ်ဆေးမှုများကို တစ်ရက်တည်းတွင် အပြီးဖြေဆိုနိုင်ပါသည်။၎င်းစစ်ဆေးမှုများဖြေဆိုရာတွင် အစီအစဉ် မတူညီနိုင်ပါ။ ဤစစ်ဆေးမှုသုံးခုအကြား နားချိန်များလည်းရှိမည်မဟုတ်ပါ။Speaking စစ်ဆေးမှုအပိုင်းအား အခြားအပိုင်းများ  မဖြေဆိုခင် တစ်ပတ်အလို (သို့) ဖြေဆိုပြီး တစ်ပတ်အကြာတွင် စစ်ဆေးပေးပါသည်။

Listening: (ကြာချိန် ၃ဝမိနစ် နှင့် အဖြေများကို အဖြေလွှာတွင်ရေးထည့်ရန်အချိန်ပို ၁ဝမိနစ်)

IELTS Listening စာမေးပွဲတွင် အပိုင်းလေးပိုင်းပါဝင်ပြီး တစ်ဦးတည်းပြောခြင်းနှင့် အပြန်အလှန်ပြောဆို ခြင်းတို့ ပါဝင်ပါသည်။ အသံမျိုးစုံ နှင့် လေယူလေသိမ်း (accents) အမျိုးမျိုးကို အသုံးပြုထားပါသည်။ အပိုင်းတစ်ပိုင်းကို တစ်ခါပဲဖွင့်ပြပါမည်။

Reading: (ကြာချိန် ၆ဝ မိနစ်)

Academic General Training
ဖတ်ရှုကာမေးခွန်းများကို ဖြေရသော စာပိုဒ်ရှည် (၃) ပိုဒ်ပါရှိပါသည်။ အကြောင်းအရာများသည် သရုပ်ဖော်ပြချက် နှင့်အချက်အလက် ဆိုင်ရာဖော်ပြချက်များ အပြင် ဆွေးနွေးတွေးခေါ်စရာများနှင့် ခွဲခြမ်းစိတ်ဖြာလေ့လာချက်များ အထိပါဝင်ကာ စကားလုံးမပါဝင်သော သရုပ်ပြပုံများ၊ ဂရပ်ဖ်များနှင့် သရုပ်ဖော်ပုံများ လည်းပါဝင်ပါသည်။ စာများသည် စာအုပ်များ၊ ဂျာနယ်များ၊ သတင်းစာများ ၊ မဂ္ဂဇင်းများနှင့်အခြားသောရင်းမြစ်များမှ ကောက်နှုတ် ဖော်ပြ ထားသော မူရင်းစာသားများဖြစ်ပါသည်။ စာပိုဒ် (၃)ပိုဒ် နှင့်လုပ်ဆောင်ရန် task များပေးထားပါမည်။ ပထမပိုင်းတွင် အချက်အလက်များ ပါသောစာတိုများ နှစ်ခု (သို့) သုံးခုပါဝင်ပါသည်။ ဒုတိယပိုင်းတွင် တိုတောင်းသော အလုပ်နှင့်ဆိုင်သည့် အချက်အလက်စာတိုများ ၂ ခု ပါဝင်ပါသည်။ တတိယပိုင်းတွင်အထွေထွေ စိတ်ဝင်စားဖွယ်ကောင်းသည့် အကြောင်းအရာများ ပါဝင်သည့် စာပိုဒ်ရှည်များပါဝင်ပါမည်။ စာများသည် ကုမ္ပဏီလက်စွဲ စာအုပ်များ၊ တရားဝင်စာရွက်စာတမ်းများ၊ စာအုပ်များ၊ သတင်းစာများနှင့် အခြားသောရင်းမြစ်များမှ ကောက်နှုတ် ဖော်ပြထားသော မူရင်းစာသားများဖြစ်ပါသည်။

Writing (ကြာချိန် - ၆ဝ မိနစ်) 

Academic General Training
စုစုပေါင်းလုပ်ဆောင်ရမည့် task နှစ်ခုပါရှိပါမည်။ ပထမ task တွင် ဇယား၊ ဂရပ်ဖ်၊ ချာတ့် (သို့) သရုပ်ပြပုံ တစ်ခုအားပေးထားပြီး သင့်အား  အတိုချုပ် (သို့) အချက်အလက်များအား စာလုံးရေ ၁၅ဝထက် မနည်းဘဲ ရှင်းလင်းရေးသားဖြော်ပခိုင်းပါမည်။ ဒုတိယ task တွင်  ထင်မြင်ယူဆချက်တစ်ခု၊ ဆွေးနွေးငြင်းခုံစရာ တစ်ခု (သို့)   ပြဿနာတစ်ခု ကို ဖော်ပြထားပြီး သင့်  အားစာစီစာကုံး တစ်ပုဒ် ကို စာလုံးရေ ၂၅ဝ ထက်မနည်းဘဲ ရေးသားခိုင်းပါမည်။ လုပ်ဆောင်ရန် task နှစ်ခုပါဝင်ပါမည်။ ပထမ task တွင် သင့်အား အခြေအနေ အကြောင်းအရာ တစ်ခုအား ပေးထားပြီး သတင်းအချက်အလက်တောင်းခံခြင်း (သို့) အခြေအနေတစ်ခုအား ရှင်းပြခိုင်းခြင်း ပုံစံဖြင့် စာလုံးရေ ၁၅ဝ ထက်မနည်းသော  စာတစ်စောင်အား ရေးသားခိုင်းပါမည်။ ဒုတိယ task တွင် ထင်မြင်ယူဆ ချက်တစ်ခု၊ ဆွေးနွေးငြင်းခုံစရာ တစ်ခု (သို့)   ပြဿနာတစ်ခု ကို ဖော်ပြထားပြီး သင့်  အားစာစီစာကုံး တစ်ခုကို စာလုံးရေ ၂၅ဝ ထက်မနည်း ဘဲ ရေးသားခိုင်းပါမည်။ 

Speaking- (ကြာချိန် - ၁၁ မိနစ် မှ ၁၄ မိနစ်)

အပိုင်း (၃) ပိုင်းပါဝင်သော မျက်နှာချင်းဆိုင် အင်တာဗျူးတစ်ခု အားဖြေဆိုရပါမည်။ မေးခွန်းတိုများ၊ သင်ရင်းနှီးကျွမ်းဝင် သော အကြောင်းအရာတစ်ခုအားအချိန်သတ်မှတ်ချက်တစ်ခုအတိုင်းပြောဆိုရခြင်း နှင့် ပုံစံချပေးထားသော ဆွေးနွေးပြောဆိုခြင်း များပါဝင်ပါသည်။

 

IELTS Life Skills

IELTS Life Skills စာမေးပွဲသည် ယူကေသွားမည့် သူများအနေဖြင့် Speaking နှင့် Listening တွင် Common European Framework of Reference for Languages (CEFR) ကျွမ်းကျင်မှုအဆင့် A1 ၊ A2  (သို့) B1 ရှိကြောင်းပြသဖို့ရာအတွက် ဖြေဆိုရခြင်းဖြစ်ပါသည်။

A1 A2 B1
ဤစာမေးပွဲသည် မိသားစုဝင်၊ အိမ်ထောင်သည် မှီခိုသူ၊ အတူနေထိုင်သူများအတွက် ယူကေနိုင်ငံသို့ ရွှေ့ပြောင်း အခြေချ နေထိုင်ရန် ယူကေဗီဇာနှင့် လူဝင်မှုဆိုင်ရာ အတွက်လျှောက်ထားရာတွင် လိုအပ်သော Speaking နှင့် Listening အင်္ဂလိပ်စာအရည်အချင်း စစ်စာမေးပွဲဖြစ်သည်။ ဤစာမေးပွဲသည် မိသားစုဝင်၊ အိမ်ထောင်သည် မှီခိုသူ၊ အတူနေထိုင်သူများအတွက် ယူကေနိုင်ငံသို့ ရွှေ့ပြောင်း အခြေချ နေထိုင်ခြင်း သက်တမ်းတိုး ရန် ယူကေဗီဇာနှင့် လူဝင်မှုဆိုင်ရာကိစ္စအတွက် လိုအပ်သော Speaking နှင့် Listening အင်္ဂလိပ်စာအရည်အချင်း စစ်စာမေးပွဲဖြစ်သည်။ ယူကေနိုင်ငံသားအဖြစ် ခံယူခြင်းနှင့် အခြေချနေထိုင်ခြင်းဆိုင်ရာ ဗီဇာအတွက်လိုအပ်သော Speaking နှင့် Listening အင်္ဂလိပ်စာအရည်အချင်း စစ်စာမေးပွဲဖြစ်သည်။

The IELTS Life Skills စာမေးပွဲပုံစံ

စာမေးပွဲစစ်ဆေးသူနှင့် အခြားဖြေဆိုသူတစ်ဦး နှင့်အတူ မျက်နှာချင်းဆိုင် ဖြေဆိုရပါမည်။ သင်သည် ပုံစံချပေးထားသော အပြန်အလှန်စကားပြောဆိုမှုအား နားထောင်၍ task တစ်ခုအားရွေးချယ်၍ ဖြေဆိုရပါမည်။

IELTS Life Skills task များသည် အင်္ဂလိပ်စကားပြောသောနိုင်ငံတွင် နေ့ စဉ်နှင့်အမျှ ဆက်သွယ်ပြော ဆိုနိုင်သောအတွေ့ အကြုံ ကိုဖော်ပြနိုင်ရန် ဖန်တီး ပြုလုပ်ထားပါသည်။ သင်သည် နေ့ စဉ် ကြုံတွေ့ ရလေ့ရှိသည့် ကိစ္စရပ်များ အပေါ် အချိန်တို ဆွေးနွေးပြောဆိုမှု တစ်ခုကိုပြုလုပ်ရပါမည်။

 

သင်မည်သည့်နိုင်ငံကို သွားရောက်ရန် စိတ်ကူးထားပါသလဲ။

ကျွန်ုပ်သွားရောက်လိုသောနိုင်ငံမှာ 

သင်စိတ်ဝင်စားနိုင်သော အကြောင်းအရာများမှာ

IELTS နှင့် GMAT ဖြေဆိုမည့်သူများအတွက် အထူးပရိုမိုးရှင်း

IELTS နှင့် GMAT ဖြေဆိုမည့်သူများအတွက် အထူးပရိုမိုးရှင်း

ပိုမိုဖတ်ရှုရန်

ပြင်ဆင်ခြင်း

စာမေးပွဲအတွက်ပြင်ဆင်ရန် အွန်လိုင်း နှင့် အော့ဖ်လိုင်း ရင်းမြစ်များ
ပိုမိုဖတ်ရှုရန်