Back to top

IELTS Prize ပညာသင်ဆု

ဗြိတိသျှကောင်စီ၏ ၂ဝ၂၃/၂၄ ခုနှစ် IELTS Prize ပညာသင်ဆု

ဗြိတိသျှကောင်စီ၏ IELTS Prize ပညာသင်ဆုများကို အရည်အချင်းမြင့်မား၍ မိမိအလုပ်ကို တိုးတက်မှုရှိစေလိုသော ဆန္ဒရှိပြီး ပြည်တွင်း (သို့) ပြည်ပမှ ရရှိလာခဲ့သော ဘွဲ့ရ/ဘွဲ့လွန်သင်တန်းများမှ အတွေ့အကြုံများဖြင့် မိမိလူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းကို အကျိုးပြုလိုသည့် အလားအလာရှိသော ပုဂ္ဂိုလ်များကို ချီးမြှင့်ခဲ့ပါသည်။

ကျောင်းသားများကို IELTS ကို လိုအပ်ချက်တစ်ခုအဖြစ် လက်ခံထားသော အဆင့်မြင့်ပညာရေးကျောင်းများမှ ၄င်းတို့ရွေးချယ်ထားသော မည်သည့် ဘွဲ့ရ/ဘွဲ့လွန်သင်တန်းကိုမဆို တက်ရောက်နိုင်ရန် ဤဆုမှ အထောက်အပံ့ပေးပါသည်။ ဤပညာသင်ဆုသည် ၂၀၂၃/၂၄ ပညာသင်နှစ်တွင် ကျောင်း စတင်တက်ရောက်မည့်သူများအတွက်သာ အကျုံးဝင်ပါသည်။

IELTS Prize လျှောက်ထားရန် IELTS ရမှတ်လိုအပ်ပါသည်။ IELTS မဖြေဆိုရသေးပါက ယခုပင်ဖြေဆိုရန် စာရင်းသွင်းပါ။

IELTS စာမေးပွဲအတွက် လေ့ကျင့်ပြင်ဆင်လိုပါသလား။ Road to IELTS အခမဲ့ online သင်ခန်းစာအား ယခုပင်သင်ယူပါ။

 

IELTS Prize ၂၀၂၃/၂၄ ပညာသင်ဆုများကို ယနေ့ မှစ၍  ၁၅ရက် စက်တင်ဘာ ၂ဝ၂၃ အထိ လျှောက်ထားနိုင်ပါသည်။ ယခုပင်လျှောက်ထားလိုက်ပါ

 

ပြည်တွင်းအဆင့်ဆုများ

ပထမဆု-  £ ၅,၀၀၀ (၁)ဆု

ဒုတိယဆု- £ ၂,၀၀၀ (၁)ဆု

တတိယဆု- £ ၁,၀၀၀ (၁)ဆု

*အမှန်တကယ်ကုန်ကျသော ပထမနှစ်စာ ကျောင်းလခအတွက်သာ

British Council IELTS Prize

Apply now!