Back to top

ယူကေသို့သွားရောက်ရန်အတွက် IELTS

 

ဗြိတိန်တွင်ပညာဆည်းပူးခြင်း

ပညာရေးနှင့် သုတေသနတွင် ခိုင်မာသောဂုဏ်သိက္ခာဖြင့် ရပ်တည်လျက်ရှိသော ယူကေ တက္ကသိုလ်များနှင့် ကောလိပ်များ သည် ကမ္ဘာ့ ဦးဆောင်ပညာရပ်ဆိုင်ရာပညာရှင်များနှင့် လုပ်ငန်းခွင်ဆိုင်ရာပညာရှင်များစွာကို ဆွဲဆောင်လျက်ရှိ ပါသည်။ ယူကေနိုင်ငံသည် နိုင်ငံသားမျိုးစုံနှင့် ယုံကြည်ကိုးကွယ်မှုမျိုးစုံကို ခံယူထားသော နိုင်ငံတကာမှ ကျောင်းသားများ အားလုံးကို ကြိုဆိုသော နေရာဖြစ်ကာ ၎င်း၏ တမူထူးခြားသော ယဉ်ကျေးမှု၊ မြို့ပြများနှင့် ကျေးလက်ဒေသများကို တွေ့ကြုံခံစားနိုင်ရန် အခွင့်အရေးများလည်း ပေးလျက်ရှိ ပါသည်။

လိုအပ်သော score များနှင့် အသုံးဝင်သောအချက်အလက်များ 

"IELTS is recognised by institutions all over the world and it is stated in their application requirements."

Murni Salina Saharudin, Universiti Selangor, IELTS score 6.5

IELTS လမ်းညွှန်ဒေါင်းလုဒ်လုပ်ရန်-ယူကေ


 

ဗြိတိန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခြင်း

ဗြိတိန်နိုင်ငံဗီဇာများနှင့် လူဝင်မှုကြီးကြပ်ရေး (UKVI)သည် ဗီဇာလျှောက်ထားသူ၏ ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှု အဆင့်ကို အမှတ်အခြေပြုစနစ် Points-based System (PBS)တွင် ဆုံးဖြတ်သတ်မှတ်ရန် ဘာသာစကားများအတွက် Common European Framework of Reference (CEFR)ကို အသုံးပြုသည်။ PBSသည် ရွှေ့ပြောင်းနေထိုင်သူများအား အလွှာ၅မျိုးထဲမှ တစ်မျိုးဖြင့် ဗြိတိန်နိုင်ငံတွင် အလုပ်လုပ်ရန် သို့မဟုတ် ပညာလေ့လာသင်ကြားရန် လျှောက်ထားခွင့်ပြုပါသည်။ အလွှာ ၁ သို့မဟုတ် ၂အောက်တွင် လျှောက်ထားလျှင် ပြောင်းရွှေ့နေထိုင်သူများသည် ၎င်းတို့၏ အင်္ဂလိပ်ဘာသာ စကား စွမ်းရည်အား အထောက်အထားဖြင့် တင်ပြရန် လိုအပ်သည်။ IELTSသည် ယင်းအထောက်အထားအဖြစ် တင်ပြနိုင် သော သတ်မှတ်ခွင့်ပြုထားသည့် အင်္ဂလိပ်ဘာသာစကားစစ်ဆေးမှုတစ်ခုဖြစ်သည်။

ဗီဇာဖော်ပြချက် လိုအပ်သောCEFR အဆင့် စွမ်းရည်များ IELTS စစ်ဆေးမှုနှင့် လိုအပ်သော အမှတ်
အလွှာ ၁
လုပ်ငန်းရှင်ဗီဇာ
B1 စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြား စွမ်းရည် (listening) IELTS –ပျမ်းမျှ ၄နှင့် စွမ်းရည်တစ်ခုစီ ၎
အလွှာ ၁
ဘွဲ့လွန် လုပ်ငန်းရှင်ဗီဇာ
B1 စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြား စွမ်းရည် (listening) IELTS –ပျမ်းမျှ ၄နှင့် စွမ်းရည်တစ်ခုစီ ၎
အလွှာ ၂
အထွေထွေဗီဇာ
B1 စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြား စွမ်းရည် (listening) IELTS –ပျမ်းမျှ ၄နှင့် စွမ်းရည်တစ်ခုစီ ၎
အလွှာ ၂
အားကစားသမားများဗီဇာ
A1 စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြား စွမ်းရည် (listening) IELTS –ပျမ်းမျှ ၄နှင့် စွမ်းရည်တစ်ခုစီ ၎
အလွှာ ၂
ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးဗီဇာ
B2 စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြား စွမ်းရည် (listening) IELTS –ပျမ်းမျှ ၅.၅နှင့် စွမ်းရည်တစ်ခုစီ ၎

အလုပ်ဗီဇာများ - အမှတ်များအခြေပြုစနစ်

ဗြိတိန်နိုင်ငံလူဝင်မှုကြီးကြပ်ရေး၏ အမှတ်အခြေပြုစနစ် (PBS)သည် ဗြိတိန်နိုင်ငံတွင် အလုပ်လုပ်လိုသူ၊ လေ့ကျင့် သင်တန်းပေးလိုသူ သို့မဟုတ် ပညာလေ့လာသင်ကြားလိုသူများ၏ လျှောက်ထားမှုကို စီမံခန့်ခွဲရာတွင်အသုံးပြုသည့် ကိရိယာတစ်မျိုးဖြစ်သည်။ PBSအတွင်း နိုင်ငံခြားနိုင်ငံသားများ ရရှိနိုင်သည့် အမျိုးမျိုးသော အလုပ်အကိုင်အခွင့် အလမ်း လမ်းကြောင်းများရှိပါသည်။

 

အလွှာ ၁ (လုပ်ငန်းရှင်)

အလွှာ၁ လုပ်ငန်းရှင်ဗီဇာသည် ဗြိတိန်နိုင်ငံတွင် လုပ်ငန်း တည်ထောင်လိုသူ သို့မဟုတ် လက်လွှဲယူလိုသူနှင့် လုပ်ငန်းပြုလုပ်ရာတွင် တက်ကြွစွာပါဝင်လိုသူ အစရှိသော အလွန်အရည်အချင်းမြင့်မားသော ပြည်ပမှ လာရောက် အလုပ်လုပ်ကိုင်မည့်သူများအတွက်ဖြစ်သည်။ စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြားစွမ်းရည် (listening)တို့တွင် အနည်းဆုံး CEFR အဆင့် B1 (IELTS ပျမ်းမျှ အမှတ် ၄) ရရှိခြင်းဖြင့် သင်၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုတွင် ၁၀မှတ်ရရှိနိုင်မည်ဖြစ်သည်။

 

အလွှာ ၁ (ဘွဲ့လွန်လုပ်ငန်းရှင်)

အလွှာ၁ ဘွဲ့လွန်လုပ်ငန်းရှင်ဗီဇာသည် ဗြိတိန်နိုင်ငံတွင် လုပ်ငန်းတည်ထောင်လိုသော မကြာသေးမီကမှ ဘွဲ့ရရှိပြီး သူများအတွက် ရည်ရွယ်သည်။ စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြားစွမ်းရည် (listening)တို့တွင် အနည်းဆုံး CEFR အဆင့် B1 (IELTS ပျမ်းမျှ အမှတ် ၄) ရရှိခြင်းဖြင့် သင်၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုတွင် ၁၀မှတ်ရရှိနိုင်မည်ဖြစ်သည်။

 

အလွှာ ၂ (အထွေထွေ)

အလွှာ၂ အထွေထွေဗီဇာသည် ပညာလေ့လာသင်ယူမှု ပြီးစီးပြီးနောက် ဗြိတိန်နိုင်ငံတွင် အလုပ်လုပ်ရန် မျှော်လင့် လျက်ရှိသော ကျောင်းသားအများစုအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် PBS၏ အလွှာ ၂သည် အလုပ်ခေါ်ယူကမ်းလှမ်းမှုရရှိထားသော ပြည်ပမ အလုပ်လုပ်ကိုင်လိုသူများအတွက် ဖြစ်သည်။ စာဖတ် စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြားစွမ်းရည် (listening) တို့တွင် အနည်းဆုံး CEFR အဆင့် B1 (IELTS ပျမ်းမျှ အမှတ် ၄) ရရှိခြင်းဖြင့် သင်၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုတွင် ၁၀မှတ်ရရှိနိုင်မည်ဖြစ်သည်။

 

အလွှာ ၂ (ဘာသာရေးဆိုင်ရာဘုန်းတော်ကြီး)

ဗြိတိန်နိုင်ငံရှိ ယုံကြည်မှုဆိုင်ရာအသင်းအဖွဲ့ (ဥပမာ ဘာသာရေးဆိုင်ရာဘုန်းတော်ကြီး၊ သာသနာပြုသူ သို့မဟုတ် ဘာသာရေးအမိန့်ဆိုင်ရာ၏ အဖွဲ့ဝင် (member of a religious order))အတွင်း အလုပ်နေရာကမ်းလှမ်းမှု ရရှိထား လျှင် အလွှာ၂ (ဘာသာရေးဆိုင်ရာဘုန်းတော်ကြီး)ဗီဇာကို လျှောက်ထားခွင့်ရှိသည်။ စာဖတ် စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြားစွမ်းရည် (listening) တို့တွင် အနည်းဆုံး CEFR အဆင့် B2 (IELTS ပျမ်းမျှ အမှတ် ၅.၅) ရရှိခြင်းဖြင့် သင်၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုတွင် ၁၀မှတ်ရရှိနိုင်မည်ဖြစ်သည်။

 

အလွှာ ၂ (အားကစားသမား)

အလွှာ၂ (အားကစားသမား)ဗီဇာသည် အလုပ်နေရာခန့်အပ်ခြင်းဖြင့် ဗြိတိန်နိုင်ငံတွင် ၎င်းတို့အားကစား၏ ဖွံ့ဖြိုးတိုးတက်မှုကို အမြင့်ဆုံးအဆင့်သို့ သိသိသာသာ ထောက်ပံ့မှုပြုမည့် လက်ရွေးစင် အားကစားသမားများနှင့် နည်းပြများအတွက် ဖြစ်သည်။ လျှောက်ထားသူများသည် ၎င်းတို့၏ အထူးပြုအားကစားတွင် နိုင်ငံတကာအဆင့်မီ ပျိုးထောင်ထားသည့် အမြင့်ဆုံးအဆင့်တွင် ရှိသူများ ဖြစ်ရမည်။ စာဖတ် စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အပြောစွမ်းရည် (speaking)နှင့် အကြားစွမ်းရည် (listening) တို့တွင် အနည်းဆုံး CEFR အဆင့် A1 (IELTS ပျမ်းမျှ အမှတ် ၄) ရရှိခြင်းဖြင့် သင်၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုတွင် ၁၀မှတ်ရရှိနိုင်မည်ဖြစ်သည်။

ပိုမိုသိရှိလိုပါက UK Government's website. တွင် လေ့လာနိုင်ပါသည်။

 


 

ဗြိတိန်နိုင်ငံသို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း

IELTSသည် ဗြိတိန်နိုင်ငံဗီဇာများနှင့်လူဝန်မှုကြီးကြပ်ရေး(UKVI) ကအတည်ပြုပြီးဖြစ်သည့် စိတ်ချရသောအင်္ဂလိပ်ဘာသာစကားဆိုင်ရာစစ်ဆေးမှုများ (Secure English Language Tests -SELT)စာရင်းထဲတွင် ပါဝင်သည်။ ဤအထွေထွေ စစ်ဆေးမှုတွင် စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အကြားစွမ်းရည်(listening) နှင့် အပြောစွမ်းရည် (speaking)ဟူ၍ အပိုင်း၎ပိုင်းပါဝင်သည်။ သင်သည် ဗြိတိန်နိုင်ငံတွင် ရွှေ့ပြောင်းသွားလာနေထိုင်လိုပါက UKVI လျှောက်ထားမှုအတွက် သင်၏ အင်္ဂလိပ်ဘာသာစကား အဆင့်အတန်းကို အထောက်အထား ဖြင့်ပြသရန်လိုအပ်ပြီး UKVIကလက်ခံခွင့်ပြုသည့် အထူးစစ်ဆေးရေးနေရာတွင် စာမေးပွဲဖြေဆိုရပါမည်။

 

IELTS Life Skillsသည် အပြောစွမ်းရည်နှင့် အကြားစွမ်းရည်များကို လွှမ်းခြုံမိသော စစ်ဆေးမှုတစ်ခု ဖြစ်သည်။ Common European Framework of Reference (CEFR)အရ အပြောစွမ်းရည်နှင့် အကြားစွမ်းရည်များသည် A1 ၊ A2 သို့မဟုတ် B1 အစရှိသော အဆင့်များတွင်ရှိကြောင်း သက်သေပြသရန် လိုအပ်သူများအနေဖြင့် အဆိုပါစာမေးပွဲကို ဖြေဆိုရပါမည်။

 

IELTS Life Skills A1

ဤစစ်ဆေးမှုသည် ဗြိတိန်နိုင်ငံဗီဇာများနှင့်လူဝန်မှုကြီးကြပ်ရေးသို့မိသားစုဗီဇာ၊ Spouse Visa သို့မဟုတ် Partner Visaတို့အတွက် ဗီဇာလျှောက်ထားမှု၏ တစိတ်တပိုင်းအဖြစ် ၎င်းတို့၏ အင်္ဂလိပ်ဘာသာ စကားဆိုင်ရာ အပြောစွမ်းရည်နှင့် အကြားစွမ်းရည်များကို သက်သေပြရန် လိုအပ်သူများအတွက်ဖြစ်သည်။ ဘာသာစကားများအတွက် Common European Framework of Reference (CEFR) ကသတ်မှတ်သော A1အဆင့်သည် အမျိုးသားအဆင့်အရည်အချင်းမူဘောင် (National Qualification Framework - NQF) )၏ ESOL Entry 1 အဆင့်နှင့် ညီမျှပါသည်။

 

IELTS Life Skills B1

ဤစစ်ဆေးမှုသည် ဗြိတိန်နိုင်ငံဗီဇာများနှင့်လူဝန်မှုကြီးကြပ်ရေးသို့ နိုင်ငံသားဖြစ်မှု/အခြေချနေထိုင်ရေး ဆိုင်ရာဗီဇာလျှောက်ထားမှု၏ တစိတ်တပိုင်းအဖြစ် ၎င်းတို့၏ အင်္ဂလိပ်ဘာသာ စကားဆိုင်ရာ အပြောစွမ်းရည်နှင့် အကြားစွမ်းရည်များကို သက်သေပြရန် လိုအပ်သူများအတွက်ဖြစ်သည်။ ဘာသာ စကားများအတွက် Common European Framework (CEFR) ကသတ်မှတ်သော B1အဆင့်သည် အမျိုးသားအဆင့်အရည်အချင်းမူဘောင် National Qualification Framework (NQF)၏ ESOL Entry 3 အဆင့်နှင့် ညီမျှသည်။

ဗြိတိန်နိုင်ငံသို့ ရွှေ့ပြောင်းသွားလာနေထိုင်ရေးအတွက် ဗီဇာလိုအပ်ချက်များအကြောင်းကို UK Government ဝဘ်ဆိုဒ်တွင် ပိုမိုစုံလင်စွာဖတ်ရှုနိုင်ပါသည်။

သင်စိတ်ဝင်စားနိုင်သော အကြောင်းအရာများမှာ

IELTS နှင့် GMAT ဖြေဆိုမည့်သူများအတွက် အထူးပရိုမိုးရှင်း

IELTS နှင့် GMAT ဖြေဆိုမည့်သူများအတွက် အထူးပရိုမိုးရှင်း

ပိုမိုဖတ်ရှုရန်

ပြင်ဆင်ခြင်း

စာမေးပွဲအတွက်ပြင်ဆင်ရန် အွန်လိုင်း နှင့် အော့ဖ်လိုင်း ရင်းမြစ်များ
ပိုမိုဖတ်ရှုရန်