DCSIMG
Back to top

British Council၏ IELTSကျွမ်းကျင်ပညာရှင်များ ဒီဇိုင်းဆွဲပြုစုထားသည့် Road to IELTSသည် IELTS တွင် အကဲဖြတ်သော skill ၄မျိုးဖြစ်သည့် Listening ၊ Reading ၊ Writingနှင့် Speakingတို့အား လွှမ်းခြုံမိ သော အွန်လိုင်းပေါ်မှ အခမဲ့ ပြင်ဆင်လေ့ကျင့်မှုကို ပေးစွမ်းလျက်ရှိပါသည်။

နာရီပေါင်း ၁၂၀ကျော်ကြာမြင့်သော အပြန်အလှန်ဆောင်ရွက်ရမည့် လှုပ်ရှားမှုများ၊ British Council၏ ကျွမ်းကျင်ပညာရှင်များထံမှ အကြံပြုချက်ဗွီဒီယိုများ၊ မေးခွန်းပုံစံများအပေါ် သဲလွန်စများနှင့် အကြံပြုချက် များနှင့် ဒေါင်းလုဒ်ရယူနိုင်သော စမ်းသပ်ဖြေဆိုလွှာများပါဝင်သော Road to IELTSသည် ပြည့်စုံကာ up-to-dateဖြစ်သည့်အပြင် ၀င်ရောက်ဖြေဆိုမည့်သူများ တွေ့ကြုံနေရသော စိန်ခေါ်မှုများကို တိတိကျကျ ရည်ရွယ်ပါသည်။ 

 

Road to IELTS ၏ ၂ဝ၁၆ တွင်အဓိကကျသော အဆင့်မြှင့်တင်မှုများ

(၁) အသုံးပြုသူများအတွက် ပိုမို အဆင်ပြေစေရန် အသစ်ပြန်လည်ပြုပြင်ပြောင်းလဲထားသော လေ့ကျင့်ခန်း ၅၃၆ ခု

(၂) ပြုပြင်မွမ်းမံထားသော အကြောင်းအရာသစ်များ- အမေရိကန်အင်္ဂလိပ်အသားပေးထားသော အကြောင်းအရာများပါဝင်သည့် Academic Writing task 1 သင်ရိုး ၆ ခု

(၃) အသုံးပြုသူများအတွက် ပိုမိုနီးစပ်ကိုက်ညီမှုရှိစေရန် ပြုပြင်မွမ်းမံထားသော လေ့ကျင့်ခန်း ရုပ်ပုံများ

(၄) ခေတ်မီဆန်းသစ်သောအမြင်နှင့် ပိုမိုကောင်းမွန်သော သုံးစွဲသူအတွေ့အကြုံ များကို ရရှိစေမည့် User interface တိုးမြှင့်မှုများ

 

Road to IELTS သင်ရိုးတိုင်းသည် သင့်လိုအပ်ချက်များနှင့် အကောင်းဆုံးကိုက်ညီမှုရှိသည်ကို  အောက်ပါ ဇယားများက ကူညီခွဲခြားပေးမည်။

  ဘာတွေပါဝင်သလဲ?  ဘယ်သူ့အတွက်လဲ?  
Road to IELTS: Test Drive ၁၀နာရီစာ သင်ခန်းစာ  လူတိုင်းအတွက် အခမဲ့ဖြစ်သည်။ 
Road to IELTS: Last Minute နာရီ ၂၀စာ သင်ခန်းစာ British Councilတွင် IELTSဖြေဆိုရန် လျှောက်လွှာဖြည့်စွက် ထားသော  ဖြေဆိုသူများသာ ရရှိနိုင်သည်။ 
Road to IELTS: Full Version  နာရီ ၁၂၀စာ သင်ခန်းစာ  Full version ကို လူတိုင်း ၀ယ်ယူရရှိနိုင်ပါ သည်။ 

Road to IELTS နာရီ ၂၀စာ လေ့ကျင့် သင်ခန်းစာများ ရယူနိုင်ရန် ယနေ့ပင် British Councilတွင် IELTS အတွက် စာရင်းသွင်းလိုက်ပါ။ မြင့်မားသော IELTSအမှတ်များ ရယူနိုင်ရင် အဆင်သင့်ဖြစ်ပါစေ။