Back to top

Crown Education

Crown Education

Aung Kyaw San @ James founded CROWN Education in 2009, now a premier education service provider in Myanmar. Since 2007, CROWN Education proudly received a series of awards and James also achieved Agents Training Certificate by Education UK and British Council in 2013. We started partnership with British Council since July 2014 as IELTS Registration Centre too. 

ပါတနာဝက်ဘ်ဆိုက်အားသွားရောက်ရန်

ကျွန်မတို့ CROWN Education အနေနဲ့ British Council နဲ့ IELTS Registration Partner အဖြစ်အတူတကွပူးပေါင်းလုပ်ကိုင်ခဲ့တာ ၂ဝ၁၄ ခုနစ်ကတည်းကဖြစ်ပါတယ်။ CROWN Education ဟာ English 4 skills ၊ IELTS ပြင်ဆင်မွမ်းမံသင်တန်း များနဲ့ IELTS အနီးကပ်ကာလတို ပြင်ဆင်ပေးခြင်းသင်တန်း များကိုလည်းပေးနေပါတယ်။ အဲဒါကြောင့် IELTS ဖြေဆိုမဲ့ကျောင်းသားတွေအနေနဲ့ တစ်နေရာတည်း၊ တစ်ချိန်တည်းမှာပဲ အဆင်ပြေပြေနဲ့ IELTS ပြင်ဆင်မွမ်းမံသင်တန်းတွေကို တက်ရောက်သင်ကြားပြီး IELTS ဖြေဆိုဖို့ကို ပါ CROWN မှတဆင့်စာရင်းသွင်းနိုင်ပါတယ်။ IELTS စာမေးပွဲက နိုင်ငံခြားမှာကျောင်းသွားတက်မဲ့ သူတွေရော အလုပ်ထဲမှာ မိမိရဲ့  အင်္ဂလိပ်စာ အရည်အသွေးကို တိုးတက်ကောင်းမွန် လိုသူများနဲ့ မိမိရဲ့  အင်္ဂလိပ်စာ ပိုင်နိုင်ကျွမ်းကျင်မှုကို တိုင်းတာသိရှိလိုတဲ့ အင်္ဂလိပ်စာ အရည်အချင်းတိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေ အတွက်ပါ သင့်လျော်တဲ့စာမေးပွဲတစ်ခုဖြစ်ပါတယ်။ ဒီ့အပြင်IELTS ဟာမိမိရဲ့ အင်္ဂလိပ်စာအဆင့်ကို တိုင်းတာစစ်ဆေးနိုင်တဲ့ အခြေခံစစ်ဆေးမှု တစ်ခုလည်းဖြစ်ပါတယ်။ IELTS ရဲ့အားသာချက်တစ်ခုကတော့ စာမေးပွဲရက်တွေဟာ တစ်လမှာ နှစ်ကြိမ်ရှိတဲ့အတွက်ကြောင့် ဖြေဆိုမယ့်ကျာင်း သားတွေအတွက် မိမိကြိုက်နှစ်သက်ရာ စာမေးပွဲရက်ကို ရွေးချယ်ဖြေဆိုနိုင်ပါတယ်။ ဒီအချက်ကတော့ မိမိလိုချင်တဲ့ရမှတ်ကို ပထမအကြိမ်ဖြေဆိုရာမှာ မရလို့ပြန်ဖြေချင်တဲ့သူတွေရော နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့်ဖြေဆိုလိုတဲ့ သူတွေအတွက်ပါ များစွာအဆင်ပြေစေပါတယ်။

-

ဒေါ်ကျော့မွန်သာ မန်နေဂျာ (Admission and Counselling), CROWN EDUCATION

Explore more registration centres