Back to top

နယူးဇီလန် သို့သွားရောက်ရန်အတွက် IELTS

 

နယူးဇီလန်နိုင်ငံတွင်အလုပ်လုပ်ကိုင်ခြင်း

နယူးဇီလန်နိုင်ငံတွင် အလုပ်လုပ်လိုလျှင် နယူးဇီလန်အစိုးရက အနည်းဆုံးသတ်မှတ်ထားသည့် အင်္ဂလိပ်စာ အဆင့်အတန်းနှင့် ကိုက်ညီရန်လိုအပ်သည်။ ပြည်ပမှလာရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ စီးပွားရေးနှင့် အလုပ်ကြောင့်ခေတ္တနေထိုင်ခြင်းကဏ္ဍများအပါအ၀င် ဗီဇာများစွာအတွက် နယူးဇီလန်အစိုးရ (New Zealand Government)က IELTSကို အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုဆိုင်ရာ အထောက်အထားအဖြစ် တောင်းဆိုထားသည်။

လာရောက်အလုပ်လုပ်ကိုင်လိုသူများကဏ္ဍ  

ဤကဏ္ဍတွင် အသက်၊ လုပ်ငန်းအတွေ့အကြုံ၊ လျှောက်ထားသူ၏ အရည်အချင်းများ အစရှိသည့် အချက် အလက်များကို အခြေခံသော အမှတ်ပေးစနစ်နှင့် အလုပ်ခန့်အပ်မှုအတွက်ကမ်းလှမ်းစာတို့ကို ကြည့်ရှုကာ ဗီဇာအတွက်ကိုက်ညီမှုရှိမရှိကို ဆုံးဖြတ်ပါသည်။ IELTS General သို့မဟုတ် IELTS Academic module တွင် ပျမ်းမျှအမှတ် ၆.၅ ရရှိထားရမည်ဖြစ်သည်။

စီးပွားရေးဆိုင်ရာကဏ္ဍများ 

သင်လျှောက်ထားမှုနှင့် သက်ဆိုင်သော ကဏ္ဍအပေါ်မူတည်ကာ လိုအပ်သော IELTSအမှတ် ကွာခြား ပါသည်။

  • ပြန်လည်နေရာချထားသော စီးပွားရေးလုပ်ငန်းမှ ၀န်ထမ်းဆိုင်ရာ အခန်းကဏ္ဍ (Employee of a Relocating Business Category): IELTS General သို့မဟုတ် Academic moduleတွင် ပျမ်းမျှ အမှတ် အနည်းဆုံး ၅ ။
  • စီးပွားရေးလုပ်ငန်းရှင်မှပြောင်းရွှေ့နေထိုင်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်၏ အလုပ်ဗီဇာ ဆိုင်ရာကဏ္ဍ (Entrepreneur Residence or Entrepreneur Work Visa categories): IELTS General သို့မဟုတ် IELTS Academic moduleတွင် ပျမ်းမျှအမှတ် အနည်းဆုံး ၄ ။
  • ရင်းနှီးမြှပ်နှံသူ (ရင်းနှီးမြှပ်နှံ့သူ ၂ ကဏ္ဍ) : IELTS General သို့မဟုတ် IELTS Academic moduleတွင် ပျမ်းမျှအမှတ် အနည်းဆုံး ၃ ။

အလုပ်ကြောင့်ခေတ္တနေထိုင်သူများကဏ္ဍ

နယူးဇီလန်နိုင်ငံတွင် အလုပ်ကြောင့်ခေတ္တနေထိုင်ခြင်း(Talent)ဗီဇာဖြင့် ၂နှစ်နေထိုင်ဖူးသူဖြစ်လျှင် သင်သည် အလုပ်ကြောင့်ခေတ္တနေထိုင်သူများကဏ္ဍအောက်တွင် ခေတ္တနေထိုင်သူအဖြစ် သတ်မှတ်ခံရနိုင်သည်။

ကိုက်ညီမှုရရှိရန် သင်သည် အောက်ပါအချက်အလက်များနှင့် ပြည့်စုံရမည်။

  • နယူးဇီလန်နိုင်ငံတွင် အလုပ်ကြောင့်ခေတ္တနေထိုင်ခြင်းဗီဇာ (Work to Residence visa) ၂နှစ် ရရှိထားဖူးသူဖြစ်ရမည်။
  • သတ်မှတ်ထားသော ကျန်းမာရေးနှင့် ၀ိသေသလက္ခဏာများနှင့် ပြည့်စုံကိုက်ညီသူဖြစ်ရမည်။
  • IELTS General သို့မဟုတ် IELTS Academic moduleတွင် ပျမ်းမျှအမှတ် အနည်းဆုံး၅ ရရှိထားကြောင်း IELTS အသိအမှတ်ပြုလက်မှတ် ရရှိထားရမည်။

ပိုမိုသိရှိလိုပါကImmigration New Zealand’s website


 

နယူးဇီလန်နိုင်ငံသို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း

နယူးဇီလန်နိုင်ငံသို့ ရွှေ့ပြောင်းသွားလာနေထိုင်လိုသူများသည် နယူးဇီလန်အစိုးရ က အနည်းဆုံး သတ်မှတ်ထားသည့် အင်္ဂလိပ်စာအဆင့်အတန်းတစ်ခုရှိရန် လိုအပ်သည်။ လာရောက်အလုပ် လုပ်ကိုင်လို ခြင်း၊ စီးပွားရေး၊ မိဘနှင့် အလုပ်ကြောင့်နေထိုင်ခြင်းအစရှိသော ကဏ္ဍများစွာ အပါအ၀င် ဗီဇာများစွာအတွက် အစိုးရက IELTSကို အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုဆိုင်ရာ အထောက်အထားအဖြစ် တောင်းဆိုထားသည်။

(၁) လာရောက် အလုပ်လုပ်ကိုင်လိုခြင်းကဏ္ဍများ : အဓိကလျှောက်ထားသူသည် အထွေထွေ IELTS သို့မဟုတ် IELTS Academic module တွင် ပျမ်းမျှ အမှတ် ၆.၅ရရှိထားရပါမည်။ ၎င်းတို့၏ ပါတနာနှင့် ကလေးများသည် အထွေထွေ IELTS သို့မဟုတ် IELTS Academic moduleတွင် ပျမ်းမျှအမှတ် အနည်းဆုံး ၅ရရှိရမည်။

(၂) စီးပွားရေးဆိုင်ရာကဏ္ဍများ : အဓိကလျှောက်ထားသူ လျှောက်ထားသော အောက်ပါ ကဏ္ဍများ အပေါ်မူတည်၍ လိုအပ်သော IELTSအမှတ် ကွာခြားပါသည်။

  • ပြန်လည်နေရာချထားသော စီးပွားရေးလုပ်ငန်းမှ ၀န်ထမ်းဆိုင်ရာ အခန်းကဏ္ဍ (Employee of a Relocating Business Category) : အထွေထွေ သို့မဟုတ် Academic moduleတွင် ပျမ်းမျှ အမှတ် အနည်းဆုံး ၅ ။
  • စီးပွားရေးလုပ်ငန်းရှင်မှပြောင်းရွှေ့နေထိုင်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်၏ အလုပ်ဗီဇာ ဆိုင်ရာကဏ္ဍ (Entrepreneur Residence or Entrepreneur Work Visa categories) : အထွေထွေ သို့မဟုတ် Academic moduleတွင် ပျမ်းမျှအမှတ် အနည်းဆုံး ၄ ။
  • ရင်းနှီးမြှပ်နှံသူ (ရင်းနှီးမြှပ်နှံသူ ၂ ကဏ္ဍ) : အထွေထွေ သို့မဟုတ် Academic moduleတွင် ပျမ်းမျှအမှတ် အနည်းဆုံး ၃ ။

လျှောက်ထားမှုတွင် ပါဝင်သည့် အသက် ၁၆နှစ်နှင့် အထက်ရှိသော ပါတနာနှင့် ကလေးငယ်များသည် လည်း အင်္ဂလိပ်ဘာသာစကားဆိုင်ရာအတွက် အနည်းဆုံးလိုအပ်သော အဆင့်သတ်မှတ်ချက်ဖြစ်သည့် IELTS ပျမ်းမျှအမှတ် အနည်းဆုံး ၄ ရှိရန် လိုအပ်သည်။

(၃) မိဘဆိုင်ရာကဏ္ဍ : မိဘဆိုင်ရာကဏ္ဍလျှောက်ထားမှုတွင် ပါဝင်လျှောက်ထားသော လျှောက်ထားသူ အားလုံးသည် စွမ်းရည် ၄မျိုးထဲမှ အနည်းဆုံး၂မျိုးတွင် ပျမ်းမျှအမှတ် ၄ရရှိထားကြောင်း ပြသသည့် IELTS အသိအမှတ်ပြုလက်မှတ် ရရှိထားရမည်။

(၄) အလုပ်ကြောင့်နေထိုင်ခြင်းကဏ္ဍ : အဓိကလျှောက်ထားသူသည် IELTS အထွေထွေ သို့မဟုတ် IELTS Academic moduleတွင် ပျမ်းမျှအမှတ် အနည်းဆုံး ၅ရရှိထားရမည်။ ၎င်းတို့၏ ပါတနာများနှင့် ကလေးငယ်များသည်လည်း IELTS အထွေထွေ သို့မဟုတ် IELTS Academic moduleတွင် ပျမ်းမျှအမှတ် အနည်းဆုံး ၅ ရရှိထားရမည်။

သင်စိတ်ဝင်စားနိုင်သော အကြောင်းအရာများမှာ

IELTS နှင့် GMAT ဖြေဆိုမည့်သူများအတွက် အထူးပရိုမိုးရှင်း

IELTS နှင့် GMAT ဖြေဆိုမည့်သူများအတွက် အထူးပရိုမိုးရှင်း

ပိုမိုဖတ်ရှုရန်

ပြင်ဆင်ခြင်း

စာမေးပွဲအတွက်ပြင်ဆင်ရန် အွန်လိုင်း နှင့် အော့ဖ်လိုင်း ရင်းမြစ်များ
ပိုမိုဖတ်ရှုရန်