Back to top
Migrate to Canada

သင်သည် ကနေဒါနိုင်ငံတွင် အလုပ်ဗီဇာ၊ ပရော်ဖက်ရှင်နယ် အသိအမှတ်ပြုမှု သို့မဟုတ် အမြဲ အခြေချနေထိုင်ခွင့်အတွက် လျှောက်ထားမည်ဆိုလျှင် ဗီဇာလျှောက်ထားမှု၏ တစိတ်တပိုင်း အဖြစ် သင်၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုအား အထောက်အထားဖြင့် ဖော်ပြနိုင် ရန် လိုအပ်သည်။

IELTSအထွေထွေလေ့ကျင့်သင်တန်းပေးမှုသည် နိုင်ငံသားဖြစ်မှုနှင့် လူဝန်မှုကြီးကြပ်ရေးဌာန ကနေဒါနိုင်ငံ (CIC)

က ကနေဒါနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းသွားလာနေထိုင်မှုအတွက် လက်ခံ သော နိုင်ငံတကာတွင် ရရှိဖြေဆိုနိုင်သည့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှု စစ်ဆေးရေး စာမေးပွဲဖြစ်ပါသည်။ စစ်ဆေးမှုတွင် သင်၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်မှုကို skill၄မျိုးဖြစ်သော စာဖတ်စွမ်းရည်(reading) ၊ အရေးစွမ်းရည် (writing) ၊ အကြားစွမ်းရည် (listening) နှင့် အပြောစွမ်းရည် (speaking) တို့ကို အမှတ် ၀ မှ ၉ အထိပေးကာ သတ်မှတ်အကဲဖြတ်ပေးပါ သည်။ သင်သည် အဆိုပါ စွမ်းရည်များအားလုံးတွင် ကနေဒါဘာသာစကား အဆင့် သတ်မှတ်ချက်အဖွဲ့ (Canadian Language Benchmark - CLB) က လက်ခံ သတ်မှတ်ထားသော အဆင့်တစ်ခုကို ရရှိရန် လိုအပ်သည်။

သင့်ဗီဇာလျှောက်ထားမှုကို ဆက်လက်ဆောင်ရွက်နိုင်ရန် IELTSရမှတ်များအား လျှောက်ထားမှု၏ တစိတ်တဒေသအဖြစ် လိုအပ်ပါမည်။

Leave blank for all. Otherwise, the first selected term will be the default instead of "Any".
Leave blank for all. Otherwise, the first selected term will be the default instead of "Any".